ပညာရေးနှင့်လေ့ကျင့်ရေးဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ လေ့ကျင့်သင်ကြားပေးလျက် ရှိသော သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးဆိုင်ရာနည်းလမ်းများ၊ ပို့ချဆရာများ၏ စွမ်းဆောင်ရည် တို့ကို ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိပါသည်။ ပညာရေးနှင့်လေ့ကျင့်ရေးဌာနအောက်၌ ပညာဌာန(၇)ခုဖြင့်ဖွဲ့စည်းထားရှိပါသည်။