စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၀) သင်တန်းဆင်းပွဲ အခမ်းအနား (၁၃-၁၁-၂၀၂၄)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၁၃-၁၁-၂၀၂၄ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၀)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးပြကွင်း(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။