အလယ်အလတ်အဆင့်အရာထမ်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းအခမ်းအနား (၁၆-၂-၂၀၂၄)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၁၆-၂-၂၀၂၄ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးဆန်းမြင့် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက္ကသိုလ်မှ ပါမောက္ခချုပ် ဦးကျော်စိုး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ အဆိုပါသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၉၃)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ (၀၉း၀၀) နာရီအချိန်တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုးမှ သင်တန်းသား၊ သင်တန်းသူများအား အဆင့်မြင့်ဒီပလိုမာဘွဲ့များ ချီးမြှင့် အပ်နှင်းခဲ့ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားခဲ့ပါသည်။