အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၀၁)သင်တန်းဆင်းပွဲ အခမ်းအနား (၁၈-၁၂-၂၀၂၄)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၁၈-၁၂-၂၀၂၄ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန် အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၁)၏ သင်တန်းဆင်းပွဲအခမ်းအနားကို စစ်ရေးပြကွင်း(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား သို့ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၅၂)ဦး တက်ရောက်ခဲ့ကြပါသည်။