Uncategorized

Jan
08

တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဖွင့်အခမ်းအနား (၂-၁-၂၀၂၅)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂-၁-၂၀၂၅ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၄)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်စိုး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ တက္ကသိုလ်ရှိ  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၆၆)ဦး တက်ရောက်ခဲ့ကြပါသည်။  

By CICS UM Admin | Uncategorized
DETAIL

Courses

No post found

Contact

Central Institute of Civil Service (Upper Myanmar)

Pyin Oo Lwin Township, Mandalay Region

Tel: 095(02)50003, 095(02)50004

Fax: 095(02)50007

Email :cicslum@ucsb.gov.mm

Total: 2511767
TOP