မူဝါဒ
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုပညာရပ်များကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုကို အထောက်အကူ ဖြစ်စေမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပြုစုပျိုးထောင်ရန်။
ဦးတည်ချက်
(၁) နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုပညာရပ်များကိုစဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးသည့် ဝန်ထမ်းတက္ကသိုလ် ဖြစ်စေရန်၊
(၂) ကောင်းမွန်သောအုပ်ချုပ်မှုကို အထောက်အကူဖြစ်စေရန်၊
(၃) ပြည်သူကို အကျိူးပြုမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်။
ရည်ရွယ်ချက်
(၁) နိုင်ငံ့ဝန်ထမ်းများနှင့်ဝန်ထမ်းလောင်းများအား ကောင်းမွန်သောအုပ်ချုပ်မှုကို အထောက်အကူ ဖြစ်စေသည့် အခြေခံသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးရန်၊
(၂) အလယ်အလတ်အဆင့်အရာထမ်းများ၊အဆင့်မြင့်အရာထမ်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို စွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန်၊
(၃) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများစွမ်းရည်တိုးတက်မြင့်မားရေးဆိုင်ရာသင်တန်းများ၊ မွမ်းမံသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တာဝန်ယူကျင်းပပေးရန်၊