သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ လေ့ကျင့် သင်ကြားပေးလျက်ရှိသော သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားရေးဆိုင်ရာနည်း လမ်းများ၊ ပို့ချဆရာများ၏ စွမ်းဆောင်ရည်တို့ကို ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ခြင်းနှင့် သင်ကြားရေးအထောက်အကူပြုလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါသည်။

သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်း အသီးသီးအတွက် ICT နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် စနစ်တကျထိန်းသိမ်းခြင်း၊ တက္ကသိုလ်၏ e-Government ဆိုင်ရာလုပ်ငန်းများ ချောမွေ့စွာ လည်ပတ် နိုင်ရေး စီမံဆောင်ရွက်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများထံမှ ဘာသာရပ်များ၊ ပို့ချဆရာများနှင့် သင်တန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးလျက်ရှိသော စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် သုံးသပ်အကြံပြုချက်များ ရယူဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

သုတေသနှင့်ဖွံ့ဖြိုးမှုဌာနအောက်၌ အောက်ပါဌာနများဖြင့် ဖွဲ့စည်းကာ ဌာန၏တာဝန်များကို အဆင်ပြေချောမွေ့စွာမှုရှိရန် ဆောင်ရွက်လျက်ရှိပါသည်-

  • (က) သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနှင့် သင်ကြား/သင်ယူမှုဌာန
  • ( ခ) သုတေသနနှင့်ဖွံ့ဖြိုးဌာန တို့ဖြစ်ပါသည်။

အဖွဲ့ဝင်များ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်