စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းအခမ်းအနား (၁၆-၂-၂၀၂၄)
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၁၆-၂-၂၀၂၄ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန် စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို နီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ နှင့် တာဝန်ရှိသူများ အဆိုပါသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။