News & Events

Mar
05

အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၄) သင်တန်းဆင်းအခမ်းအနား (၂-၂-၂၀၂၄)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂-၂-၂၀၂၄ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲအခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား)၊ အဖွဲ့ဝင် ဦးဆန်းမြင့် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်စိုး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ရဲအရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ တက္ကသိုလ်ရှိ  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊  ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါသင်တန်းမှ  သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။

By CICS UM Admin | News & Events
DETAIL