(၀၀၉) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း
(က) သင်တန်းဆိုင်ရာအချက်အလက်များ သင်တန်းသားအရည်အချင်း ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော လစာနှုန်း ( ၃၀၈၀၀ဝိ - ၄၀၀ဝိ - ၃၂၈၀၀ဝိ)၊ ( ၂၇၅၀၀ဝိ- ၄၀၀ဝိ -၂၉၅၀၀ဝိ)၊ ( ၂၁၆၀၀ဝိ -၂၀၀ဝိ - ၂၂၆၀၀ဝိ) ရရှိသော အရာထမ်း၊ အမှုထမ်းများအသက်(၄၅)နှစ်အောက် သင်တန်းကာလ ရက်သတ္တ(၁၀)ပတ် အပ်နှင်းသောဒီပလိုမာ/လက်မှတ် သင်တန်းဆင်းအောင်လက်မှတ် သင်တန်းလျာထားဦးရေ ၂၄၀ (ခ) ရည်ရွယ်ချက် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အရာထမ်းငယ်များအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိ ထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် (ဂ) သင်ကြားနည်းစနစ် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှလာရောက်ပို့ချခြင်း၊ ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊ [...]