Courses

All အထူးသင်တန်းများ ပုံမှန်သင်တန်းများ

(၀၀၅) အရာထမ်းလောင်း(အထူး)သင်တန်း

(က) သင်တန်းဆိုင်ရာအချက်အလက်များ သင်တန်းသားအရည်အချင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ကြော်ငြာခေါ်ယူထား သော  လစာနှုန်း (၂၇၅၀၀ဝိ-၄၀၀ဝိ-၂၉၅၀၀ဝိ) သို့ လျှောက်ထားရွေးချယ်ခံရသည့် နိုင်ငံ့ဝန်ထမ်းများ ပြင်ပမှတိုက်ရိုက် လျှောက်ထားရွေးချယ်ခံရသည့် အရာထမ်းလောင်းများနှင့် နိုင်ငံသားပိုင်ပြင်ပကုမ္ပဏီ၊ အဖွဲ့အစည်းများမှ အရည်အချင်း ငတ်မှတ်ချက်နှင့် ကိုညီသည့် ရွေးချယ်ခံရသူများ သင်တန်းကာလ   ၁၆ ပတ် အပ်နှင်းသောဒီပလိုမာ/လက်မှတ် သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ် နှင့်အတူ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာလက်မှတ် သင်တန်းလျာထားဦးရေ ၂၅၀ ဦး (ခ) ရည်ရွယ်ချက် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ် ပေးခဲ့သော အရာထမ်းလောင်းများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကို ခံယူကျင့်သုံးလျက် လူငယ်လူရွယ် ဝန်ထမ်းကောင်း မျိုးဆက်သစ်များ ဖြစ်လာစေရန်၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို နားလည်ကျွမ်းကျင်၍ နိုင်ငံတော်၏ အကျိုးစီးပွားကိုကာလဒေသမရွေး ကျရာအခန်းကဏ္ဍမှတာဝန်ထမ်းဆောင်နိုင်စေရန်၊ [...]