၁။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ကို စတင်ဖွဲ့စည်းတည်ထောင်သည့် ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၁၅ ခုနှစ်အထိ စစ်ပညာဌာနအဖြစ် ပါဝင်ခဲ့စည်းခဲ့ပြီး ထိုစဉ်ကာလဖွင့်လှစ် ခဲ့သည့် ပုံမှန်သင်တန်းများ၊အထူးသင်တန်းများ၌ စစ်ရေးပြနှင့်လက်နက်ငယ်ဘာသာရပ်အား ထည့်သွင်း ပို့ချပေးခဲ့ပါသည်။
၂။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ပြည်သူ့ ဝန်ထမ်းအကယ်ဒမီကိုဖွင့်လှစ်ခဲ့ချိန်မှစ၍ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလအထိ စစ်ပညာဌာန ထည့်သွင်း ဖွဲ့စည်းခြင်းမရှိတော့ဘဲ၊ အင်္ဂလိပ်ဘာသာပညာဌာနနှင့် သတင်းအချက်အလက်နည်းပညာဌာန တိုးချဲ့ ဖွဲ့စည်းကာ ပညာဌာန(၇)ဌာနဖြင့် သင်တန်း အသီးသီးအား ပို့ချပေးခဲ့ပါသည်။
၃။ ထိုမှတစ်ဖန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့၏လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ကာကွယ်ရေးပညာဌာန အား ပြန်လည်ထည့်သွင်းဖွဲ့စည်းခဲ့ပြီး စစ်ရေးပြနှင့်လက်နက်ငယ်ဘာသာရပ်များအား ပို့ချကာ ပညာဌာန(၈)ဌာနဖြင့် သင်တန်းအသီးသီးအား ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင်ကာကွယ်ရေးနှင့်လုံခြုံရေးပညာကို စာတွေ့၊လက်တွေ့သင်ကြား လေ့ကျင့်ခွင့်ရသည့်အတွက် နိုင်ငံတော်နှင့်နိုင်ငံသားတို့အား ကာကွယ်စောင့်ရှောက်ရမည့် အသိ စိတ်ဓာတ်ကိန်းအောင်းလာစေခြင်း၊ အရေးကြုံလာပါက နိုင်ငံတော်၏အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်စေခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်၍ အမိန့်နာခံမှု၊ နိုင်ငံတော် အပေါ် သစ္စာစောင့်သိမှုစိတ်ဓာတ်များ ပိုမိုရရှိလာစေခြင်း၊ နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ရေး ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချ လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု မျှော်မှန်းပါသည်။
- ၁။ သင်တန်းသားများအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှု၊ ခိုင်မာစွာ တည်ဆောက်နိုင်ရန်။၂။ သင်တန်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်။၃။ စိတ်ဓါတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ပိုမိုကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန်။
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ အရ နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်နှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟုပြဌာန်းထားသည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးပညာရပ်များ၊ စစ်ရေးပြနှင့်လက်နက်ငယ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပါသည်။