စီးပွားရေးပညာဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စတင်တည်ထောင်ခဲ့သည့် ၁၉၉၉ ခုနှစ်မှစ၍ ဌာနတစ်ခုအနေဖြင့် စတင်ခဲ့ပါသည်။ စီးပွားရေးပညာဌာနအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ ပြောင်းလဲနေသည့် မူဝါဒ များနှင့်အညီ စီးပွားရေး၏အခြေခံသဘောတရားများ၊ စီမံကိန်းရေးဆွဲခြင်း၊ စာရင်းအင်းပညာ စသည့်ဘာသာရပ်များအား ပို့ချပေးလျက်ရှိပြီး သင်ရိုးညွှန်းတမ်း များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရေးဆွဲပြုစုခြင်း၊ပြင်ဆင်ဖြည့်စွက်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် အဆင့်မြင့် ဒီပလိုမာသင်တန်းများတွင် ပါဝင်ပို့ချနိုင်ခဲ့ပြီး၊ COVID-19 ကာလအတွင်း Online Learning System ဖြင့် ဖွင့်လှစ်ခဲ့သော အရာထမ်းငယ်အခြေခံသင်တန်းများ၌လည်း စီးပွားရေးပညာဌာနအနေဖြင့် ပါဝင်ပို့ချခဲ့ ပါသည်။

နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သည့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ ပေါ်ထွန်းလာရေးကို ရှေးရှု၍ နိုင်ငံဝန်ထမ်းများအတွက် လိုအပ်သည့် စီးပွားရေးဘာသာရပ်ဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်စွမ်းရှိသော လေ့လာသင်ယူမှု အရင်းအမြစ်တစ်ခု ဖြစ်ပေါ်လာစေရန်။

  • အနာဂတ်အတွက် လေ့ကျင့်ရေးနှင့်ပညာရေး နယ်ပယ်နှစ်ခုစလုံးတွင် အသိပညာ၊ ကျွမ်းကျင်မှု နှင့်လက်တွေ့လုပ်ဆောင်နိုင်မှုတို့ကို လေ့လာသင်ယူရန်နှင့် မြှင့်တင်ရန်၊ ပြည်တွင်း၊ ပြည်ပ လေ့လာသင်ယူမှု အရင်းအမြစ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းတို့ဖြင့် လေ့လာသင်ယူမှုကို မြှင့်တင်ရန်၊
  • တီထွင်ဖန်တီးတွေးခေါ်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းတို့ကို အားပေးလျက် ပို့ချခြင်း၊ ဆွေးနွေးခြင်း၊ စာတမ်းများပြုစုရေးသားခြင်းနှင့် ထိုသို့ ဖြစ်ပေါ်လာစေရန် စေ့ဆော်မှုပေးခြင်း နည်းလမ်းများဖြင့် နိုင်ငံ့ဝန်ထမ်းများကို အကောင်းဆုံး ပို့ချမှုများပေးရန်၊
  • စီးပွားရေးမူဝါဒများနှင့် နိုင်ငံ၏ဖြစ်စဉ်များကို ပိုမိုနားလည်စေရန်၊
  • စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အခြေခံအယူအဆနှင့် ပတ်သက်၍ ပိုမိုသော ဗဟုသုတနှင့် အတွေ့အကြုံများကို ရရှိရန်၊
  • စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း နားလည်ရန်နှင့် သူတို့၏ အတွေ့အကြုံများကို မျှဝေရန်။

စီးပွားရေးပညာဌာနရှိဆရာ/ဆရာမများ

စီးပွားရေးပညာဌာနဌာနမှ အဓိကသင်ကြားပို့ချသည့် ဘာသာရပ်နှင့်ရည်ရွယ်ချက်များ

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

Economic of the Public Sector

(Eco-2201)

 

  • ပြည်သူပိုင်ကဏ္ဍတွင် အစိုးရ၏ အရေးပါ သည့် အခန်းကဏ္ဍကို သိရှိစေရန်။
  • အစိုးရ၏ အဓိကလုပ်ဆောင်ချက်များ (ဆောင်ရွက်ချက်များ)ကို နားလည်သဘော ပေါက်စေရန်။
  • ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနှင့်ဒေသ ဆိုင် ရာ အစိုးရများအကြား ကွဲပြား ခြားနား သောခွန်အကောက်ရရှိမှု အခြေအနေများကို သိရှိစေရန်။
Public Private Partnership

(Eco- 2202)

  • ပုဂ္ဂလိကငွေကြေးကိုအသုံးပြု၍လုပ်ငန်းအစမှအဆုံးစီမံဆောင်ရွက်ပြီး၊စွန့်စားမှုများကိုလွှဲပြောင်းခြင်း၊ဆန်းသစ်တီထွင်မှုများကိုအားပေးခြင်း၊ ငွေကြေးနှင့်ထိုက်တန်သော တန်ဖိုးကို ပြည်သူများ အသုံးပြုရန် အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိစေရန်။
Applied Statistics   (Eco – 2203)

 

  • စာရင်းအင်းဆိုင်ရာ စစ်ဆေးကိန်းများအရ စိစစ်လေ့လာရန် နှင့် အသုံးပြုပုံများ သိစေရန်နှင့် နမူနာအချက်အလက်မှ ရလဒ် အဖြေများ အပေါ်အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်ကိုနားလည် သဘောပေါက်စေရန်။
  • ကောက်ချက်ချ စာရင်းအင်းပညာကို သက်ဆိုင်ရာဌာနများ တွင် အသုံးချနိုင်ရန်။
Population Studies (Eco-2204)

 

  • လူဦးရေဆိုင်ရာစာရင်းအင်းပညာ၏ အခြေခံ ဘောတရားများနှင့် အဓိပ္ပါယ် သတ်မှတ်ချက်များ ကို လေ့လာသိရှိနိုင်ရန်။
  • လူဦးရေဆိုင်ရာစာရင်းအင်းပညာ၏ အခြေခံ အတိုင်းအတာ များကို လေ့လာသိရှိနိုင်ရန်။
  • လူဦးရေဆိုင်ရာစာရင်းအင်းပညာ၏တွက်ချက်မှုပုံစံနည်းလမ်း များကို လေ့လာသိရှိနိုင်ရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

Microeconomics (Eco- 2101)

 

  • မိုက်ခရိုဘောဂဗေဒ ဘာသာရပ်၏ အနက် အဓိပ္ပါယ်နှင့်သဘော သဘာဝကို အခြေခံ ကျကျ သိရှိစေရန်၊၊
  • မိုက်ခရိုစီးပွားရေးဆိုင်ရာ သီအိုရီများကို အသုံးပြု၍ စီးပွားရေး အဆောက် အအုံတွင်းရှိပြဿနာရပ်များကို မည်ကဲ့သို့ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရမည် ကို နားလည် သဘောပေါက်စေရန်၊၊
  • စီးပွားရေးအဆောက်အအုံအတွင်းရှိ စေျးကွက်များ၊လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ တစ်ခုချင်းစီအလိုက် ပြုမှုဆောင်ရွက်ချက်များအား အသေးစိတ်လေ့လာသိရှိနိုင်စေရန်။
Macroeconomic (Eco- 2102)

 

  • တိုင်းပြည်ဝင်ငွေတွက်ချက်နည်းများအား သိရှိစေရန်။
  • အလုပ်လက်မဲ့နှုန်းများ လျော့ချနိုင်စေရန်။
  • ငွေကြေးဖောင်းပွမှု တည်ငြိမ်စေရန်။
Economic Development   (Eco- 2103)

 

  • သင်တန်းသားမျာအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အခြေအနေမှန်နှင့် သတ်မှတ်ချက်များအားသေချာစွာ နားလည်စေရန်။
  • သင်တန်းများအနေဖြင့်ဖွံ့ဖြိုးမှု  ဘောဂဗေဒ ဘာသာရပ်အပေါ် အတွေး အမြင် ရှုထောင့်များအား ခွဲခြမ်းစိတ်ဖြာနိုင်သော အရည်အချင်း တိုးတက်မှု အားကောင်းစေရန်။
  • သင်တန်းသားများအနေဖြင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့ သောအခါ လွတ်လပ်စွာကောက်ချက်ချနိုင်သော အရင်းအမြစ်များ ပံ့ပိုးပေးနိုင်ရန်နှင့် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုများ အဆုံးသတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းအားထုတ်ရာတွင် အသိအမြင် ကြွယ်ဝသောအခန်းကဏ္ဍမှ  ပါဝင်နိုင်စေရန်။
Basic Statistics (Eco – 2104)

 

  • လူမှုစီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များတွင်စာရင်းအင်း ဆိုင်ရာ လေ့လာဆန်းစစ်မှု၏အရေးပါပုံကိုနားလည် သဘောပေါက်စေရန်။
  • စာရင်းအင်းဆိုင်ရာ လုပ်ဆောင်ချက်များကို သက်ဆိုင်ရာဌာနများတွင် အသုံးချနိုင်ရန်။
  • စာရင်းအင်းဆိုင်ရာအချက်အလက်များကို အချိန်နှင့်တပြေးညီ တွက်ချက် နိုင်ရန်နှင့်  ကောက်ချက်ချမှုများ ပြုလုပ်နိုင်ရန်။
Economic and Social Statistics (Eco – 2105)

 

  • စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံ သဘောတရားများနှင့် အဓိပ္ပါယ် သတ်မှတ်ချက်များကို လေ့လာသိရှိနိုင်ရန်။
  • စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံ အတိုင်းအတာများနှင့် အညွှန်းကိန်း များကို လေ့လာသိရှိနိုင်ရန်။
  • ဖွံ့ဖြိုးမှုစီမံကိန်းများနှင့် မူဝါဒများ ချမှတ်ရာတွင် စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၏ အရေးပါပုံကို လေ့လာသိရှိ နိုင်ရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

စီးပွာရေးမူဝါဒ
Microeconomics and Macroeconomics
  • မိုက်ခရိုဘောဂဗေဒနှင့်မက်ခရို ဘောဂဗေဒ ဘာသာရပ်တို့၏ အနက် အဓိပ္ပါယ်နှင့် သ ဘောသဘာဝကိုအ ခြေခံကျကျ သိရှိ စေရန်။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက်အအုံအတွင်းရှိ အခြေခံ စီးပွားရေး ပြဿနာများ ကိုသိရှိနိုင်စေရန်။
စီးပွားရေးစီမံကိန်း ဘာသာရပ်
  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီးပွား ရေးစီမံ ကိန်းများ၏ အခြေခံ သဘော တရားများကို သိရှိ နားလည်စေရန်။
  • အရည်အသွေးမြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များအဖြစ်မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအလိုက်၊ ကဏ္ဍအလိုက် နိုင်ငံတော်၏ စီးပွား ရေးစီမံကိန်း အသီးသီးတွင် တစ်တပ်တစ်အား ပါဝင် အကောင် အထည်ဖော်နိုင်စေရန်။
ဖွံ့ဖြိုးမှုဘောဂဗေဒ
  • စီးပွားရေး ဖွံ့ဖြိုးမှုသီအိုရီများအား သိရှိပြီး ဆက်စပ်အသုံးချနိုင် စေရန်။
  • ကမ္ဘာ့နိုင်ငံများ၏ အဆင့်အတန်း ခွဲခြားမှု အခြေအနေများကို သိရှိ စေရန်။
  • ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပေါ်ပေါက်နေ သော တူညီသော ပြဿနာ များကို သိရှိစေရန်။
Statistics
  • လူမှုစီးပွားရေး၊စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် စာရင်းအင်းဆိုင်ရာ လေ့လာဆန်းစစ်မှု၏အရေးပါပုံကိုနားလည် သဘောပေါက်စေရန်။
  • စာရင်းအင်းဆိုင်ရာ အချက်အလက် များကို အချိန်နှင့် တပြေးညီတွက်ချက် နိုင်ရန်နှင့် ကောက်ချက်ချမှုများ ပြုလုပ် နိုင်ရန်။
  • စာရင်းအင်းဆိုင်ရာလုပ်ဆောင်ချက်များကို သက်ဆိုင်ရာဌာန များတွင် အသုံးချနိုင်ရန်။
အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ
အစိမ်းရောင်စီးပွားရေး

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

စီးပွာရေးမူဝါဒ
Microeconomics and Macroeconomics
  • မိုက်ခရိုဘောဂဗေဒနှင့်မက်ခရို ဘောဂဗေဒ ဘာသာရပ်တို့၏ အနက် အဓိပ္ပါယ်နှင့် သ ဘောသဘာဝကိုအ ခြေခံကျကျ သိရှိစေရန်။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက် အအုံ အတွင်းရှိ အခြေခံစီးပွားရေး ပြဿနာများ ကိုသိရှိနိုင်စေရန်။
စီးပွားရေးစီမံကိန်း ဘာသာရပ်
  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီးပွား ရေးစီမံ ကိန်းများ၏ အခြေခံသဘော တရားများကို သိရှိ နားလည်စေရန်။
  • အရည်အသွေးမြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များအဖြစ်မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအလိုက်၊ ကဏ္ဍအလိုက် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်း အသီးသီးတွင် တစ်တပ်တစ်အား ပါဝင် အကောင် အထည်ဖော်နိုင်စေရန်။
ဖွံ့ဖြိုးမှုဘောဂဗေဒ
  • စီးပွားရေး ဖွံ့ဖြိုးမှုသီအိုရီများအား သိရှိပြီး ဆက်စပ်အသုံးချနိုင် စေရန်။
  • ကမ္ဘာ့နိုင်ငံများ၏ အဆင့်အတန်း ခွဲခြားမှု အခြေအနေများကို သိရှိ စေရန်။
  • ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပေါ်ပေါက်နေ သော တူညီသော ပြဿနာ များကို သိရှိစေရန်။
Statistics
  • လူမှုစီးပွားရေး၊စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များတွင် စာရင်းအင်းဆိုင်ရာ လေ့လာ ဆန်းစစ်မှု၏အရေးပါပုံကိုနားလည် သဘောပေါက်စေရန်။
  • စာရင်းအင်းဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ တွက်ချက်နိုင်ရန်နှင့် ကောက်ချက်ချမှုများ ပြုလုပ်နိုင်ရန်။
  • စာရင်းအင်းဆိုင်ရာ လုပ်ဆောင်ချက်များကို သက်ဆိုင်ရာဌာန များတွင် အသုံးချနိုင်ရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

စီးပွာရေးမူဝါဒ
Microeconomics and Macroeconomics
  • မိုက်ခရိုဘောဂဗေဒနှင့်မက်ခရို ဘောဂဗေဒ ဘာသာရပ်တို့၏ အနက် အဓိပ္ပါယ်နှင့် သဘောသဘာဝကိုအ ခြေခံကျကျ သိရှိစေ ရန်။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက်အအုံ အတွင်းရှိ အခြေခံ စီးပွားရေး ပြဿနာများကိုသိရှိနိုင်စေရန်။
စီးပွားရေးစီမံကိန်း ဘာသာရပ်
  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီးပွား ရေးစီမံ ကိန်းများ၏ အခြေခံ သဘောတရားများကို သိရှိနားလည်စေရန်။
  • အရည်အသွေးမြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များအဖြစ်မိမိတို့တာဝန်    ထမ်း ဆောင်ရာ ဒေသအလိုက်၊ ကဏ္ဍအလိုက် နိုင်ငံတော်၏ စီးပွား ရေးစီမံကိန်း အသီးသီးတွင် တစ်တပ် တစ်အား ပါဝင် အကောင်အထည်ဖော်နိုင်စေရန်။
ဖွံ့ဖြိုးမှုဘောဂဗေဒ
  • စီးပွားရေး ဖွံ့ဖြိုးမှုသီအိုရီများအား သိရှိပြီး ဆက်စပ်အသုံးချ နိုင်စေ ရန်။
  • ကမ္ဘာ့နိုင်ငံများ၏ အဆင့်အတန်းခွဲခြားမှု အခြေအနေများကို သိရှိ စေရန်။
  • ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပေါ်ပေါက်နေသော တူညီသော ပြဿနာ များကို သိရှိစေရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

စီးပွာရေးမူဝါဒ
Microeconomics and Macroeconomics
  • မိုက်ခရိုဘောဂဗေဒနှင့် မက်ခရိုဘောဂဗေဒ ဘာသာရပ်တို့၏ အနက် အဓိပ္ပါယ်နှင့် သဘောသဘာဝကိုအခြေခံကျကျ သိရှိစေ ရန်။
  • မြန်မာနိုင်ငံ၏ စီးပွားရေးအဆောက်အအုံ အတွင်းရှိ အခြေခံ စီးပွားရေး ပြဿနာများ ကိုသိရှိနိုင်စေရန်။
စီးပွားရေးစီမံကိန်း ဘာသာရပ်
  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီးပွားရေးစီမံကိန်းများ၏ အခြေခံ သဘော တရားများကို သိရှိ နားလည်စေရန်။
  • အရည်အသွေးမြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များအဖြစ်မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအလိုက်၊ ကဏ္ဍအလိုက် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်း အသီးသီးတွင် တစ်တပ် တစ်အား ပါဝင် အကောင် အထည်ဖော်နိုင်စေရန်။
ဖွံ့ဖြိုးမှုဘောဂဗေဒ
  • စီးပွားရေး ဖွံ့ဖြိုးမှုသီအိုရီများအား သိရှိပြီး ဆက်စပ်အသုံးချ နိုင်စေရန်။
  • ကမ္ဘာ့နိုင်ငံများ၏ အဆင့်အတန်း ခွဲခြားမှု အခြေအနေများကို သိရှိစေရန်။
  • ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပေါ်ပေါက်နေသော တူညီသော ပြဿနာ များကို သိရှိစေရန်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်