သင်တန်းရေးရာဌာနသည် ဗဟိုဝန်ထမ်းတက္ကသိုလ်၏ လေ့ကျင့်သင်ကြားရေးဆိုင်ရာ လုပ်ငန်းများ အားလုံးကို အဆင်ပြေချောမွေ့စွာနှင့် အောင်မြင်စွာဆောင်ရွက်ပေးရသည့် ဌာနကြီးတစ်ခုအဖြစ် တက္ကသိုလ်စတင်တည်ထောင်သည့် ၁၉၉၉ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပါသည်။ သင်တန်းရေးရာဌာနအောက်၌ အောက်ပါဌာနများဖြင့် ဖွဲ့စည်းကာ လေ့ကျင့်သင်ကြားရေးဆိုင်ရာ လုပ်ငန်းများ အားလုံးကို အဆင်ပြေချောမွေ့စွာမှုရှိရန် ဆောင်ရွက်လျက်ရှိပါသည်-
- (က) ကျောင်းသားရေးရာဌာန
- ( ခ) ကျောင်းဆောင်ရေးရာဌာန
- ( ဂ) အားကစားဌာနစု
- (ဃ) စာမေးပွဲနှင့်ဘွဲ့နှင်းဌာန
- ( င) တက္ကသိုလ်ပုံနှိပ်တိုက်
- ( စ) တက္ကသိုလ်စာကြည့်တိုက်
- (ဆ) နိုင်ငံတကာဆက်ဆံရေးဌာန တို့ဖြစ်ပါသည်။