
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲ အခမ်းအနား (၂၅-၉-၂၀၂၄)
Name : | |
---|---|
Rank : | |
Office Phone No. : | |
Office Email : | |
Academic Qualification/Educational Background : | |
Work Experience : | |
Other Responsibilities : | |
Foreign Experience : | |
Publication : | |
Current Research : | |
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၂၅-၉-၂၀၂၄ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို တက္ကသိုလ်စစ်ရေးပြကွင်း(၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ (ကိုယ်စား) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲအရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၉၃)ဦး တက်ရောက်ခဲ့ကြပါသည်။
၂၃-၉-၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃)၏(၂၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဦးကျော်စိုးမှ သင်တန်းသား၊ သင်တန်းသူများအား ဒီပလိုမာဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခဲ့ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားခဲ့ပါသည်။