နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအနီး၊ မန္တလေးမြို့မှ ၂၄ မိုင် ၅ဖာလုံအခန့်အကွာတွင် တည်ရှိပါသည်။ ဧရိယာအကျယ်အ၀န်းမှာ (၉၀၅.၁၀)ဧက ရှိပါသည်။ အရှေ့ဘက်တွင် ရတနာပုံဆိုင်ဘာစီးတီး၊ မြောက်ဘက်နှင့်အနောက်မြောက်တွင် ဗဟိုမီးသတ် သင်တန်းကျောင်း၊ ၊အနောက်ဘက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဇီးပင်ကြီးကျေးရွာနှင့် အနောက်တောင်ဘက်တွင် ပေပင်ကျေးရွာတို့ တည်ရှိပါသည်။
