နိုင်ငံရေးသိပ္ပံပညာဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စတင်တည်ထောင် ခဲ့သည့် ၁၉၉၉ ခုနှစ်မှစ၍ ပါဝင်ခဲ့သော ပညာဌာနတစ်ခုဖြစ်ပါသည်။နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းအသီးသီး၌ နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံရေးသိပ္ပွံဘာသာရပ်များကို စဉ်ဆက်မပြတ် ခေတ်စနစ်နှင့်အညီ ဆွေးနွေးပို့ချလျက်ရှိပြီး Covid-19 ကာလတွင်လည်း Online Learning System ဖြင့် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၌ ပါဝင်ပို့ချလျက် ရှိပါသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်သူ့ ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို အထောက်ကူပြုစေမည့် နိုင်ငံရေးအသိပညာများ ဖြန့်ဝေသောဌာနကြီးတစ်ခု ဖြစ်လာစေရန်။

  • နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် နိုင်ငံရေးအယူအဆနှင့် အသိပညာ များကို ဖြန့်ဝေပေးရန်။
  • နိုင်ငံ့ဝန်ထမ်းများတွင် ပြည်သူ့ဝန်ဆောင်မှုအခြေပြု သဘောထားခံယူချက်များ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် လိုအပ်သောနိုင်ငံရေးအသိပညာ၊ စွမ်းရည်နှင့် ခံယူချက်များကို မြှင့်တင်ပေးရန်။
  • နိုင်ငံတော်အပေါ်သစ္စာရှိသော၊ ဘက်မလိုက်သော၊ ပါတီနိုင်ငံရေးကင်းရှင်းသော ကျွမ်းကျင်မှုအခြေပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် လိုအပ်သောနိုင်ငံရေးအသိပညာနှင့် ခံယူချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိလာသောသင်တန်းသူ၊ သင်တန်းသားများကို နိုင်ငံရေးသဘောသဘာဝနှင့် နိုင်ငံရေး သိပ္ပံဘာသာရပ်များကို ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီသိရှိစေရန် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပို့ချပေးခြင်းဖြစ်ပါသည်-

  • အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်သော အသိပညာဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရန်။
  • ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးအတွက် စဉ်ဆက်မပြတ် ထိန်းသိမ်း ဆောင်ရွက်နိုင်သော နည်းလမ်းများ သင်ယူရရှိစေရန်။
  • ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲနှင့်အခွင့်အလမ်းများကို စုပေါင်းအဖြေရှာနိုင်ရေးအတွက် အတွေ့အကြုံ နှင့် ဗဟုသုတများဖလှယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်။

နိုင်ငံရေးသိပ္ပံ ဌာနမှအဓိကသင်ကြားပို့ချသည့်ဘာသာရပ်နှင့်ရည်ရွယ်ချက်များ

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးသိပ္ပံပညာ

ဘာသာရပ်အမှတ်

နိုင် – ၅၂၀၁

(Political Science)

PS 5201

 

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အခြေခံကျသော နိုင်ငံရေးအယူအဆများကို သိမြင်နားလည်မှုမှတစ်ဆင့် လက်တွေ့အကောင်ထည် ဖော် ဆောင်ရွက်နေရသော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ပြည်သူ့ရေးရာမူဝါဒ လုပ်ငန်းစဉ်များကို လမ်းညွှန်သဘော တရားအဖြစ် အထောက်အကူပြုနိုင်စေရန်။
နိုင်ငံတကာ ဆက်ဆံရေး

ဘာသာရပ်အမှတ်

နိုင် – ၅၂၀၂

(International Relations)

PS 5202

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မြန်မာနိုင်ငံသည် နိုင်ငံတကာအဖွဲ့အစည်း များတွင် ပူးပေါင်းဆောင်ရွက်ရာ၌ မည်သည့် နိုင်ငံခြားရေးမူဝါဒ၊ မည်သည့် သံခင်းတမန်ခင်းများကို အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံရေး အကျိုးစီးပွားများ ရနိုင်သည်ကို ဖန်တီးစဉ်းစားတတ်သည့် အသိပညာများ ရရှိနိုင်စေရန်။
ပထဝီဝင်နိုင်ငံရေး

ဘာသာရပ်အမှတ်

နိုင် – ၅၂၀၃

(Geopolitics)

PS 5203

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး အခြေအနေများမှ တစ်ဆင့် နိုင်ငံတကာနိုင်ငံရေးအပေါ် မည်သို့သက်ရောက် မှု ရှိသည်ကို သိရှိနားလည်စေရန်။
  • ထိုသိရှိနားလည်ရာမှတစ်ဆင့် မြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်သော လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် ခံယူချက်များ ရရှိနိုင်စေရန်။
ဖက်ဒရယ်စနစ်

ဘာသာရပ်အမှတ်

နိုင် – ၅၂၀၄

(Federalism)

PS 5204

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များမှ ဖက်ဒရယ်စနစ်၏ သဘောတရားကို သိရှိနားလည်စေရန်။
  • ထိုသို့သိရှိနားလည်မှုမှတစ်ဆင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်သည့် အသိပညာနှင့် ခံယူချက်များ ရရှိစေရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးသိပ္ပံနိဒါန်း

ဘာသာရပ်အမှတ်

နိုင် – ၅၁၀၁

(An Introduction to Political Science)

PS 5101

  • နိုင်ငံရေးသိပ္ပံ အခြေခံသဘောတရားများကို သိရှိ နားလည်ရာမှတစ်ဆင့် အရာထမ်း နိုင်ငံ့ဝန်ထမ်း များအား ယင်းတို့ဆောင်ရွက်ရမည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များကို အထောက်အကူ ပြုစေမည့် အသိပညာနှင့် ခံယူချက်များရရှိစေရန်။
ဖက်ဒရယ်စနစ်

ဘာသာရပ်အမှတ်

နိုင် – ၅၁၀၂

(Federalism)

PS 5102

  • အရာထမ်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်း စဉ်ကို အထောက်အကူပြုသည့် ဖက်ဒရယ် အခြေခံ သဘောတရားများကို ပိုမိုကောင်းမွန်စွာ သိရှိနားလည် စေရန်။
နိုင်ငံရေးအဖွဲ့အစည်းများ၏ စုဖွဲ့မှု အခြေခံသဘော တရားများ

ဘာသာရပ်အမှတ်

နိုင် – ၅၁၀၃

(Elements of Political Institutions)

PS 5103

  • အရာထမ်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း စဉ်ကို အထောက်အကူပြုနိုင်သည့် နိုင်ငံရေးအဖွဲ့ အစည်းများ၏ စုဖွဲ့မှုအခြေခံ သဘောတရားများကို စနစ်တကျ နားလည်သဘောပေါက်စေရန်။
နိုင်ငံတကာဆက်ဆံရေး

ဘာသာရပ်အမှတ်

နိုင် – ၅၁၀၄

(International Relations)

PS 5104

  • အရာထမ်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေသော နိုင်ငံတကာဆက်ဆံရေး အခြေခံသဘောတရားများကို ကောင်းစွာနားလည် စေရန်။
ပထဝီဝင်နိုင်ငံရေး

ဘာသာရပ်အမှတ်

နိုင် – ၅၁၀၅

(Geopolitics)

PS 5105

  • အရာထမ်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဖြစ်ပေါ်တည်ရှိ ပထဝီဝင်နိုင်ငံရေး အခြေအနေများက နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိသည်ကို နားလည် သဘောပေါက်စေရန်။

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးသိပ္ပံအခြေခံ သဘောတရားများနှင့် ကမ္ဘာ့နိုင်ငံရေးအတွေး အခေါ်များ

(Basic Concept of Political Science and World’s Political Thoughts)

  • နိုင်ငံ့ဝန်ထမ်းအရာရှိများအနေဖြင့် နိုင်ငံရေးသိပ္ပံ အခြေခံ သဘောတရားများကို သိရှိနားလည်ခြင်း အားဖြင့် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ အား သုံးသပ်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်။
  • ခေတ်အလိုက် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ့ နိုင်ငံရေး အတွေးအခေါ်များကို စနစ်တကျလေ့လာ၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လမ်းညွှန်သဘောတရားအဖြစ် အသုံးပြုနိုင်ရန်။
ပထဝီဝင်နိုင်ငံရေး

(Geopolitics)

  • နိုင်ငံ့ဝန်ထမ်းအရာရှိများအနေဖြင့် နိုင်ငံရေးအပေါ် တွင် ပထဝီဝင်နိုင်ငံရေး၏ သက်ရောက်မှုနှင့် ၎င်းတို့၏ အကျိုးဆက်များကို အကဲဖြတ်၍ ရရှိလာသော အသိ ပညာများကို မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ပြန်လည် အသုံးပြုနိုင်စေရန်။
နိုင်ငံတကာဆက်ဆံရေး

(International Relations)

  • နိုင်ငံ့ဝန်ထမ်းအရာရှိများ အနေဖြင့် ကမ္ဘာ့နိုင်ငံ အချင်းချင်းကြား အပြန်အလှန် တုံ့ပြန်ဆက်ဆံမှုကို သိမြင်နားလည်ရာမှတစ်ဆင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အမျိုးသားအကျိုး စီးပွားကို ဖော်ဆောင်နိုင်သည့် အသိပညာနှင့် သဘောထား ခံယူချက်များ ဖြည့်ဆည်းပေးနိုင်စေရန်။

 

ပြည်သူ့ရေးရာမူဝါဒ

(Public Policy)

  • နိုင်ငံ့ဝန်ထမ်းအရာရှိများအနေဖြင့် ပြည်သူ့ရေးရာ မူဝါဒ၏ အဓိပ္ပါယ်ကို သိရှိနားလည်ပြီး ပြည်သူ့ရေးရာ မူဝါဒ ချမှတ်ရသည့် ရည်ရွယ်ချက်ကို နားလည်သဘော ပေါက်ကာ နိုင်ငံတော်မှ ချမှတ်ပေးအပ်ထားသော အမျိုးသားရေးမူဝါဒကို မှန်ကန်သောအမြင်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည့် အသိပညာများရရှိနိုင်စေရန်။
မျက်မှောက်ခေတ် နိုင်ငံတော်ဖွဲ့စည်းမှု ပုံစံများ

(Modern Political Constitutions)

  • နိုင်ငံ့ဝန်ထမ်းအရာရှိများအနေဖြင့် အာဏာသုံးရပ်၏ ပိုင်းခြားကျင့်သုံးမှုကို နားလည်သဘောပေါက်ရာမှ တစ်ဆင့် အစိုးရအဖွဲ့အစည်းများ၏ တာဝန်ဝတ္တရား များအား မည်သို့အကောင်အထည်ဖော်ရမည် ဆိုသော အသိပညာများရရှိစေရန်။

 

မြန်မာ့နိုင်ငံရေး ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများ

The Element of Myanmar Political Process

  • တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော် အသစ် တည်ဆောက်ရာတွင် မှန်ကန်သော အသိအမြင်၊ အတွေးအမြင် များဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား ပြန့်ပွားလာစေရန်၊
ဖက်ဒရယ်စနစ်

Federalism

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် များတွင် ဖက်ဒရယ် စနစ်၏ သဘောတရားကို ပဋိပက္ခဖြေရှင်းရေး ကိရိယာအဖြစ် အသုံးချနိုင်ရေး ကူညီဆောင်ရွက်နိုင်ရန်၊

စဉ်

ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများ

Basic Concept of Political Science

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍နိုင်ငံတော်၏လက်ရှိဖြစ်ပေါ်တိုးတက်မှု များနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
နိုင်ငံတော်ဖွဲ့စည်းပုံများ

The Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊
ပထဝီနိုင်ငံရေး

Geopolitics

  • နိုင်ငံရေးအပေါ်တွင် ပထဝီနိုင်ငံရေး၏ သက်ရောက်မှုနှင့် ဪ၎င်းတို့၏ အကျိုးဆက်များကို အကဲဖြတ်၍ ရရှိလာသော အသိပညာများကို မြန်မာနိုင်ငံရေးနယ်ပယ်တွင် ပြန်လည်အသုံး ပြုနိုင်စေရန်၊
နိုင်ငံတကာဆက်ဆံရေး နှင့် International Relations
  • နိုင်ငံတကာဆက်ဆံရေးတွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် အမျိုးသားအကျိုးစီးပွား မည်မျှ အရေးပါကြောင်းကို နာလည်စေရန်၊

 

စဉ် ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများ

Basic Concept of Political Science

  • နိုင်ငံ‌ရေးအသိကို အခြေခံ၍ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုများနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်၊
အမျိုးသားရေးမူဝါဒ

National Policy

  • အမျိုးသားရေးမူဝါဒ၏ အဓိပ္ပါယ်ကို သိရှိနားလည်ပြီး အမျိုးသား ရေးမူဝါဒ ချမှတ်ရသည့် ရည်ရွယ်ချက်ကို နိုင်ငံဝန်ထမ်းများ အနေဖြင့် နားလည်သဘောပေါက်ကာ နိုင်ငံတော်မှ ချမှတ် ပေးထားသော အမျိုးသားရေး မူဝါဒကို မှန်ကန်သောအမြင်၊ ကြည်လင်‌သော အသိဖြင့်သက်ဝင် ယုံကြည်လျက် အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။
ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသား လူမျိုး များ၏ ဓလေ့ထုံးစံများ

Union Spirit and Traditions of Ethnic People

  • နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် တည်ဆောင်ရာတွင် မိမိတို့ကျရာအခန်း ကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊
နိုင်ငံတော်ဖွဲ့စည်းပုံများ

The Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊

 

နိုင်ငံတကာဆက်ဆံရေး International Relations
  • နိုင်ငံတကာဆက်ဆံရေးတွင် သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် အမျိုးသားအကျိုးစီးပွား မည်မျှ အရေးပါကြောင်းကို နားလည် စေရန်၊
မြန်မာ့နိုင်ငံရေး ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများ

The Element of Myanmar Political Process

  • တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော် အသစ် တည်ဆောက်ရာတွင် မှန်ကန်သော အသိအမြင်၊ အတွေးအမြင် များဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားလာစေရန်၊
ဖက်ဒရယ်စနစ်

Federalism

  • အလယ်အလတ်အဆင့်အရာထမ်း နိုင်ငံဝန်ထမ်းများအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ဖက်ဒရယ် စနစ်၏ သဘောတရားကို ပဋိပက္ခဖြေရှင်းရေး ကိရိယာအဖြစ် အသုံးချနိုင်ရေး ကူညီဆောင်ရွက်နိုင်ရန်၊
စဉ် ဘာသာရပ်

ရည်ရွယ်ချက်

နိုင်ငံရေးအခြေခံ သဘောတရားများ

Basic Concept of Political Science

  • နိုင်ငံ‌ရေးအသိကိုအခြေခံ၍နိုင်ငံတော်၏လက်ရှိ ဖြစ်ပေါ်တိုးတက်မှု များနှင့် ထင်ဟပ်သုံးသပ်နိုင်စွမ်း ကိုမြှင့်တင်နိုင်ရန်၊
ပြည်ထောင်စုစိတ်ဓာတ် နှင့် တိုင်းရင်းသားလူမျိုး များ၏ ဓလေ့ထုံးစံများ

Union Spirit and Traditions of Ethnic People

  • နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ရပ် တည်ဆောင်ရာတွင် မိမိတို့ကျရာအခန်း ကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊
နိုင်ငံတော်ဖွဲ့စည်းပုံများ

The Constitutions

  • အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သော ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် မည်ကဲ့သို့ဖွဲ့စည်း တည်ဆောက်သည်ကို သိရှိ နားလည်စေရန်၊
မြန်မာ့နိုင်ငံရေး ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများ

The Element of Myanmar Political Process

  • တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည်ဝသည့် ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော် အသစ် တည်ဆောက်ရာတွင် မှန်ကန်သော အသိအမြင်၊ အတွေးအမြင်များဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကား ပြန့်ပွားလာစေရန်၊

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်