အခြေခံပညာဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၈) သင်တန်းဆင်းပွဲအခမ်းအနား (၁၃-၁၂-၂၀၂၄)

အခြေခံပညာဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၈) သင်တန်းဆင်းပွဲအခမ်းအနား (၁၃-၁၂-၂၀၂၄)

User Profile
Name :
Rank :
Office Phone No. :
Office Email :
Academic Qualification/Educational Background :
Work Experience :
Other Responsibilities :
Foreign Experience :
Publication :
Current Research :

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၁၃-၁၂-၂၀၂၄ ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၈)၏သင်တန်းဆင်းပွဲအခမ်းအနားကို ရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်သော် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲအရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ဗဟိုမီးသတ် သင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ  အဆိုပါ သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်