အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၂)

START:
အောက်တိုဘာ 14, 2024
DURATION:
၂၀ ပတ်
ID:
03

သင်တန်းသားအရည်အချင်း

  • ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိနေကြသော လစာနှုန်း လစာနှုန်း (၃၀၈၀၀ဝိ-၄၀၀ဝိ-၃၂၈၀၀ဝိ) သို့မဟုတ် (၃၄၁၀၀ဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ) ခံစားနေသော အလယ်အလတ်အဆင့်အရာထမ်းများဖြစ်ရမည်။အသက်(၅၂)နှစ်အောက်

သင်တန်းကာလ

  • ရက်သတ္တ (၂၀)ပတ်

အပ်နှင်းသောဒီပလိုမာ/လက်မှတ်

  • သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်နှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာလက်မှတ်

သင်တန်းလျာထားဦးရေ

  •  ၁၀၀ ဦး
  • ဝန်ထမ်းအဖွဲ့အစည်းအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ် ပေးခဲ့သော အရာထမ်းလောင်းများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကို ခံယူကျင့်သုံးလျက် လူငယ်လူရွယ် ဝန်ထမ်းကောင်း မျိုးဆက်သစ်များ ဖြစ်လာစေရန်၊
  • အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို နားလည်ကျွမ်းကျင်၍ နိုင်ငံတော်၏ အကျိုးစီးပွားကိုကာလဒေသမရွေး ကျရာအခန်းကဏ္ဍမှတာဝန်ထမ်းဆောင်နိုင်စေရန်၊
  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ခုပူးပေါင်း၍ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်စေရန်၊
  • နိုင်ငံ့ဝန်ထမ်းနှင့် ပုဂ္ဂလိကပုမ္ပဏီအဖွဲ့အစည်းများမှ ဝန်ထမ်းများ အတွေ့ အကြုံ၊ ဗဟုသုတများဖလှယ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊
  • ပြုစုပြဌာန်းထားသော သင်ရိုးများအတိုင်း ပညာဌာန(၇)ဌာနမှ ပို့ချခြင်း၊
  • ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊
  • တစ်ဉီးချင်း/အဖွဲ့လိုက်ဆွေးနွေးခြင်း၊
  • မိမိရွေးချယ်ထားသော ဘာသာရပ်များအလိုက် စာတမ်းပြုစုခြင်း၊
  • လေ့လာရေးခရီးသွားရောက်ခြင်း၊

သင်တန်းဆင်းအရည်အချင်းအဆင့်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် –

စဉ် ရမှတ် အဆင့်
(က) ၉၀ မှတ်နှင့်အထက် ထူးချွန်
(ခ) ၈၅ မှတ်မှ ၈၉.၉၉ မှတ်အထိ သာမန်အထက်
(ဂ) ၇၅ မှတ်မှ ၈၄.၉၉ မှတ်အထိ သာမန်အမြင့်
(ဃ) ၅၀ မှတ်မှ ၇၄.၉၉ မှတ်အထိ သာမန်
(င) ၄၀ မှတ်မှ ၄၉.၉၉ မှတ်အထိ သာမန်အောက်
(စ) ၄၀ မှတ်အောက် ကျရှုံး
  • (က) စံပြဆု
  • ( ခ )  ပထမဆု
  • ( ဂ )  ဒုတိယဆု
  • (ဃ) ကာကွယ်ရေးပညာထူးချွန်ဆု
  • သင်တန်းသား (၄)ဆု၊ သင်တန်းသူ (၄)ဆု စုစုပေါင်း(၈)ဆုချီးမြှင့်ပါမည်။
  • စံပြဆု၊ ပထမဆု၊ ဒုတိယဆု   –   (Online + Inhouse) စုစုပေါင်း ရမှတ်အများဆုံးရရှိသူအစဉ်လိုက် ချီးမြှင့်မည်။
  • ကာကွယ်ရေးပညာထူးချွန်ဆု  –  စစ်ရေးပြလက်တွေ + လက်နက်ငယ်လက်တွေ့ + သေနစ်ပ်ရမှတ် စုစုပေါင်း အမှတ်အများဆုံး ရရှိသူချီးမြှင့်မည်။

သင်တန်းသား/သင်တန်းသူများထံမှ သုံးသပ်အကြံပြုချက် (Feedback) များကို အောက်ပါ ပုံစံများဖြင့် ကောက်ခံပါသည် –

  • (က) ဘာသာရပ်အပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်တစ်ခု ပို့ချမှုပြီးတိုင်း သုံးသပ်အကြံပြုချက်အား ရယူပါသည်။
  • (ခ) သင်တန်းအပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်များအားလုံး ပို့ချပြီးချိန်၌ သုံးသပ် အကြံပြုချက်အား ရယူပါသည်။
  • (ဂ) တက္ကသိုလ်စီမံခန့်ခွဲမှုလုပ်ငန်းများအပေါ်အကဲဖြတ်မှုပုံစံ။ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်မှုများ အပေါ် သုံးသပ်အကြံပြုချက်အား သင်တန်းအဝင်၌တစ်ကြိမ်၊ သင်တန်း မပြီးဆုံးမီ၌ တစ်ကြိမ် ရယူပါသည်။
  • (ဃ) သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေး၌သုံးသပ်အကြံပြုခြင်း။ သင်တန်းကြီးကြပ်မှုကော်မတီနှင့် သင်တန်းသားကိုယ်စားလှယ်များ ပါဝင်သော သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေးအား အပတ်စဉ်ကျင်းပ၍ သုံးသပ် အကြံပြုချက်များ ရယူပါသည်။
    သင်ရိုးများ၊သင်ကြားပို့ချနည်းစနစ်များ၊အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ သုံးသပ်အကြံပြုချက် များအား အထက်ပါအတိုင်း သင်တန်းသား၊သင်တန်းသူများထံမှ ရယူသကဲ့သို့ သင်တန်း ပို့ချဆရာ၊ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင် များထံမှ အကြံပြုချက်များအား အခါအားလျော်စွာ ရယူကာ တက္ကသိုလ်၏ Management Review Committee မှ ဉီးဆောင်၍ သင်တန်းနှင့်သင်ရိုးအပေါ် Review and Revise ဆောင်ရွက်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်