
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် နည်းပြရာထူး
Name : | |
---|---|
Rank : | |
Office Phone No. : | |
Office Email : | |
Academic Qualification/Educational Background : | |
Work Experience : | |
Other Responsibilities : | |
Foreign Experience : | |
Publication : | |
Current Research : | |
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် နည်းပြရာထူး (လစာနှုန်း ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ) (၇)နေရာနှင့် လုပ်သားနှင့် အဆင့်တူ (လစာနှုန်း ၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ) (၁၄) နေရာတို့လစ်လပ်လျက်ရှိပါသဖြင့် အောက်ပါ သတ်မှတ်ပညာ အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်လွှာတင်သွင်းနိုင်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် )
ကြော်ငြာစာအမှတ် ၁ / ၂၀၂၂
၁၃၈၄ ခုနှစ် ၊ တော်သလင်းလပြည့်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပညာရေးနှင့် လေ့ကျင့်ရေးဌာနကြီးလက်အောက်ရှိ အောက်ဖော်ပြပါ ပညာဌာနများအတွက် နည်းပြရာထူး (လစာနှုန်း ၂၁၆ဝဝဝိ-၂ဝဝဝိ-၂၂၆ဝဝဝိ) (၇)နေရာ လစ်လပ်လျက်ရှိပါသဖြင့် အောက်ပါ ပညာ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်လွှာတင်သွင်းနိုင်ပါသည်-
စဉ် | ဌာန | ရာထူး | ဦးရေ | သတ်မှတ်ပညာ အရည်အချင်း |
၁ | စီမံခန့်ခွဲမှုပညာဌာန | နည်းပြ | ၁ | M.B.A / M.P.A / M.Com / M.Dev.S / MAF / M.Sc(Maths) / M.Sc(Physics) / M.Sc(Chemistry) |
၂ | စီးပွားရေးပညာဌာန | နည်းပြ | ၁ | M.P.A / M.Econ(Stats)/ M.Sc(Stats) / M.Econ(Eco) / M.P.P / M.Dev.S |
၃ | ဥပဒေပညာဌာန | နည်းပြ | ၁ | L.L.M |
၄ | လူမှုရေးသိပ္ပံပညာဌာန | နည်းပြ | ၁ | M.A(Psycho) / M.A(Anthropology) /
M.A(Myanmar )/ M.A(Philosophy) |
၅ | နိုင်ငံရေးသိပ္ပံပညာဌာန | နည်းပြ | ၁ | M.A(IR) / M.A(Hist) / M.A(Geog) / M.A(Philosophy) / MPA / MPP |
၆ | အင်္ဂလိပ်ဘာသာပညာဌာန | နည်းပြ | ၁ | M.A(Eng) / M.A(TEFL) |
၇ | သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာန | နည်းပြ | ၁ | M.C.Sc / M.I.Sc / B.E(IT) / M.E(IT)/ B.E(Computer Engineering & Information Technology)/ B.E(Computer Engineering) / B.E(IST) |
၂။ လျှောက်ထားသူသည် –
(က) တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
( ခ) သတ်မှတ်ပညာအရည်အချင်းအလိုက် အနည်းဆုံးမဟာဘွဲ့ရရှိသူဖြစ်ရမည်။
( ဂ) ကွန်ပျူတာအခြေခံတတ်မြောက်ကျွမ်းကျင်သူဖြစ်ရမည်။
(ဃ) (၆-၁၀-၂၀၂၂) ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက်(၄၀)နှစ်ထက်မကျော်လွန်သူ၊ ပါရဂူဘွဲ့ရရှိသူဖြစ်ပါက (၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
( င) ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်ထားသော မြို့နယ်/ခရိုင်အဆင့်ရှိ ဆေးရုံတစ်ခုခုမှ ကျန်းမာကြောင်း ထောက်ခံချက်မူရင်းပါရှိရမည်။
( စ) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အနည်းဆုံး(၃)နှစ် တာ၀န် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ကတိဝန်ခံစာချုပ်ချုပ်ဆိုရပါမည်။
၃။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည် –
(က) နှစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၂)ပုံ
( ခ) အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ (မူရင်းတင်ပြနိုင်ရမည်)
( ဂ) အလုပ်သမားမှတ်ပုံတင်မိတ္တူ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း ( ၃ လအတွင်း )
( စ) သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း ( ၃ လအတွင်း )
(ဆ) စာမေးပွဲ၀င်ကြေးငွေ ပေးသွင်းပြီးပြေစာမူရင်း
၄။ လျှောက်လွှာများကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ၁၂-၉-၂၀၂၂ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီး ၆-၁၀-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားရမည်။ ၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုကြောင်းနှင့် လျှောက်လွှာတစ်စောင်ကို ဤတက္ကသိုလ်သို့ သတ်မှတ်ရက်အတွင်း ပေးပို့ လျှောက်ထားရမည်ဖြစ်ပြီး ကျန်လျှောက်လွှာတစ်စောင်ကို မိမိတို့တာ၀န်ထမ်းဆောင်နေသည့် ၀န်ကြီးဌာနအဖွဲ့အစည်းမှတစ်ဆင့် ဤတက္ကသိုလ်သို့ ကြိုတင်ပေးပို့ရန်ဖြစ်သည်။ လျှောက်လွှာ ပိတ်ရက်ထက်ကျော်လွန် ပေးပို့လာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၅။ ရေးဖြေစာမေးပွဲအား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ၁၃-၁၀-၂၀၂၂ ရက်နေ့တွင် မြန်မာစာနှင့် အထွေထွေဗဟုသုတ၊ ၁၄-၁၀-၂၀၂၂ ရက်နေ့တွင် အင်္ဂလိပ်စာ တို့ကို ဖြေဆိုရမည်။ (ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ပါသည်။)
၆။ စာမေးပွဲ၀င်ကြေး ၂၀ဝဝိ/-အား မြန်မာ့စီးပွားရေးဘဏ်(ပြင်ဦးလွင်မြို့နယ်)ရှိ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ငွေစာရင်းအမှတ် MD ၀၁၀၆၅၇ သို့ ၆-၁၀-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရမည်။
၇။ ဖြေဆိုခွင့်ကတ်ပြားများအား ၁၂-၁၀-၂၀၂၂ ရက်နေ့မှ ၁၃-၁၀-၂၀၂၂ ရက်နေ့အထိ ရုံးချိန်အတွင်း၌ ထုတ်ပေးမည် ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ လူကိုယ်တိုင် သို့မဟုတ် တယ်လီဖုန်းအမှတ် ၀၂-၄၇၅၀၀၀၅၊ ၀၂ – ၄၇၅၀၂၃၆၊ ၀၂-၄၇၅၀၂၇၃၊ ၀၂-၄၇၅၀၂၇၄ နှင့် ၀၂-၄၇၅၀၂၆၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် )
ကြော်ငြာစာအမှတ် ၁ / ၂၀၂၂
၁၃၈၄ ခုနှစ် ၊ တော်သလင်းလပြည့်
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
၁။ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လုပ်သားနှင့် အဆင့်တူ (လစာနှုန်း ၁၄၄ဝဝဝိ-၂ဝဝဝိ-၁၅၄ဝဝဝိ) (၁၄) နေရာ လစ်လပ်လျက်ရှိပါသည်။
၂။ လျှောက်ထားသူသည် –
(က) တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
( ခ) (၆-၁၀-၂၀၂၂ ) ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
( ဂ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်။
(ဃ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
( င) အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။
( စ) အနိမ့်ဆုံးပညာအရည်အချင်းသတ်မှတ်ချက်မှာ အခြေခံပညာ အလယ်တန်း/ အထက်တန်း အဆင့်ရှိသူဖြစ်ရမည်။
၃။ လျှောက်လွှာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အချင်းနှင့် အောင်မြင်သည့်ခုနှစ်၊ မိဘအမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ ၎င်းတို့၏အလုပ်အကိုင်၊ လျှောက်ထားသူသည် ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး၊ လစာနှုန်း၊ ဌာနအမည်၊ ဆက်သွယ်ရန်နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အမြဲတမ်း နေရပ်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြရမည်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည် –
(က) တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၂)ပုံ
(ခ) ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်ထားသော မြို့နယ်/ခရိုင်အဆင့်ရှိ ဆေးရုံတစ်ခုခုမှ ကျန်းမာကြောင်း ထောက်ခံချက်မူရင်း
(ဂ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
၏ ထောက်ခံချက်မူရင်း ( ၃ လအတွင်း)
(ဃ) သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း ( ၃ လအတွင်း)
(င) ပညာအရည်အချင်းအတွက် ထောက်ခံချက်
(စ) ဝန်ထမ်းမဟုတ်လျှင် (၆)လအတွင်းပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်မိတ္တူ
(ဆ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၅။ ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ပါမောက္ခချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ ပြင်ဦးလွင်သို့ လိပ်မူ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ၆-၁၀-၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။
၆။ လျှောက်ထားသူများအား ၁-၁၁-၂၀၂၂ ရက် (အင်္ဂါနေ့)မှ ၄-၁၁-၂၀၂၂ ရက် (သောကြာနေ့) အတွင်း လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသည်။
၇။ သတ်မှတ်ရက်ထက် နောက်ကျပေးပို့သော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၈။ အသေးစိတ်သိရှိလိုပါက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ လူကိုယ်တိုင် သို့မဟုတ် တယ်လီဖုန်းအမှတ် ၀၂-၄၇၅၀၀၀၅၊ ၀၂-၄၇၅၀၂၃၅၊ ၀၂ – ၄၇၅၀၂၃၆၊ ၀၂-၄၇၅၀၂၇၃၊ ၀၂-၄၇၅၀၂၇၄ နှင့် ၀၂-၄၇၅၀၂၆၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်( အထက်မြန်မာပြည် )