ပြည်သူ့အကျိုးပြုနိုင်ငံ့ဝန်ထမ်းများပိုမိုမွေးထုတ် ပေးနိုင်ရန်ရည်ရွယ်၍ ဗဟို၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ကို ၁၉၉၉ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စတင်တည်ထောင် ဖွင့်လှစ်ပြီး၊ ၂၀၂၂ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ဟု အမည် ပြောင်းလဲခဲ့ပါသည်။ ယခုဆိုလျှင်တက္ကသိုလ်၏သက်တမ်းသည်(၂၂)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီးဤကာလများအတွင်းပုံမှန်သင်တန်းများအကြိမ်(၃၅၂)နှင့်အထူးမွမ်းမံသင်တန်းများ(၁၀၆)ကြိမ်အထိအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး အရည်အချင်းပိုမိုပြည့်ဝသောနိုင်ငံ့ဝန်ထမ်း(၁၅၇,၀၁၅)ဦးကိုအောင်မြင်စွာလေ့ကျင့်သင်ကြားပေးနိုင်ခဲ့သဖြင့်လွန်စွာဝမ်းမြောက်ဂုဏ်ယူရပါသည်။

ပြည်သူ့ဝန်ထမ်းများသည်နိုင်ငံတော်အစိုးရ၏ရည်မှန်းချက်နှင့်အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်ဖြစ်ရာပြည်ထောင်စုရာထူးဝန် အဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ “နိုင်ငံတော်၏စဉ်ဆက်မပြတ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွတ်လပ်၍ စွမ်းရည်ပြည့်ဝသော၊ယှဉ်ပြိုင်မှုရှိ၍စည်းကမ်းကောင်းသောပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်ရေးလေ့ကျင့်ပျိုးထောင်ပေးရန်” ဟူသောရည်ရွယ်ချက်ဖြင့် အဘက်ဘက်မှထိရောက်ထက်မြက်စွာအလုပ်အကျွေးပြုနိုင်မည့်အရည်အချင်းပြည့်ဝပြီးစွမ်းဆောင်ရည်ရှိသည့် ပြည်သူ့ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် လေ့ကျင့်ပေးလျက် ရှိပါသည်။

ထက်မြက်သောစီမံခန့်ခွဲမှုမှသည်ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့”ဆောင်ပုဒ်နှင့်အညီနိုင်ငံတော၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စွမ်းဆောင်ရည်မြင့်မားသောလူ့စွမ်းအားအရင်းအမြစ်များကို သင်တန်းသားဗဟိုပြုစနစ်ဖြင့်ခေတ်မီသောသင်ခန်းစာများနှင့်ထိရောက်သော ပို့ချမှုစနစ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ကြားလျက် ရှိပါသည်။

အရာထမ်းလောင်းအခြေခံသင်တန်း၊ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီလိုမာသင်တန်း(၇)ကြိမ် နှင့်အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာသင်တန်း(၄)ကြိမ် ဖွင့်လှစ် နိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူပေါင်း(၉၇၈)ဉီးအား ဒီပလိုမာလက်မှတ်များ အပ်နှင်းနိုင်ခဲ့ ပါသည်။ ထို့အတူ COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း သင်တန်းများအား အရှိန်အဟုန်မပျက် Online စနစ်ဖြင့်ပြောင်းလဲဖွင့်လှစ်ပို့ချခြင်းများအား ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် အရာထမ်းငယ်အခြေခံသင်တန်းအား Online စနစ်ဖြင့် (၃)ကြိမ် အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူ(၃၃၁)ဉီးအား အောင်လက်မှတ် ပေးအပ် နိုင်ခဲ့ပါသည်။

အနာဂတ်တွင်မိမိတို့လုပ်ငန်းတာဝန်များကိုထူးချွန်ပြောင်မြောက်စွား စွမ်းဆောင်နိုင်သူများအဖြစ် အစဉ်ကြိုးပမ်းထမ်းဆောင်လျက် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ဂုဏ်ယူအားထားရသော ပြည်သူများ အမှန်တကယ် ယုံကြည်လေးစား အားထားနိုင်မည့် ပြည်သူ့ဝန်ထမ်းကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။