စီမံ/ဘဏ္ဍာဌာနကြီးသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၏ ပင်မရည်မှန်းချက်ဖြစ်သည့် လေ့ကျင့် သင်ကြားရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန် အထောက်အကူပြုပေးရသည့် ဌာနကြီး တစ်ခုအဖြစ် တက္ကသိုလ်စတင်တည်ထောင်သည့် ၁၉၉၉ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပါသည်။ စီမံ/ဘဏ္ဍာ ဌာနကြီးသည် လေ့ကျင့်သင်ကြားရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများအား ပံ့ပိုးကူညီခြင်းနှင့် တက္ကသိုလ် အတွင်းရှိ ဝန်ထမ်းများအားလုံးကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းများအား ဆောင်ရွက်လျက် ရှိပါသည်။စီမံ/ဘဏ္ဍာဌာနကြီးအောက်၌ အောက်ပါဌာနစုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်-
- (က) စီမံ/ဝန်ထမ်းရေးရာဌာနစု
- ( ခ) လုံခြုံရေးဌာနစု
- ( ဂ) ဆက်သွယ်ရေးဌာနစု
- (ဃ) တက္ကသိုလ်ဆေးရုံ
- ( င) ပို့ဆောင်ရေးဌာနစု
- ( စ) ဘဏ္ဍာရေးဌာနစု
- (ဆ) မွမ်းမံထိန်းသိမ်းရေးဌာနစု
- ( ဇ) ပစ္စည်းဂိုထောင်ဌာနစု
- (ဈ) စိုက်ပျိုးရေးဌာနစု
- (ည) မွေးမြူရေးဌာနစု
- ( ဋ) ရိပ်သာဌာနစု တို့ဖြစ်ပါသည်။

စီမံ/ဘဏ္ဍာဌာနကြီး