News & Events

Dec
05

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း (၂၉-၁၁-၂၀၂၄ နှင့် ၃၀-၁၁-၂၀၂၄)

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဤတက္ကသိုလ် (၂၅)ခုတင်ဆံ့ဆေးရုံမှ တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကာ ၂၉-၁၁-၂၀၂၄ ရက်နေ့ (၁၁၀၀) နာရီမှ (၁၇၀၀)နာရီအထိ တက္ကသိုလ်ဓမ္မာရုံ၌ အရာထမ်း၊ အမှုထမ်း (၅၅၄)ဦး၊ ရဲတပ်ဖွဲ့ဝင်များ (၉၄)ဦး၊ အသက်(၁)နှစ်နှင့်အထက် မိသားစုဝင် (၇၀၀)ဦးတို့အားလည်းကောင်း၊ ၃၀-၁၁-၂၀၂၄ ရက်နေ့ (၀၈၀၀) နာရီမှ (၁၄၀၀)နာရီအထိ ပတ္တမြားခန်းမနှင့် ရတနာခန်းမ၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း (၁၆)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း(၁၉)၊  အလယ်အလတ်အဆင့်အရာထမ်းသင်တန်း(၁၂)၊  အရာထမ်း အခြေခံသင်တန်း (၇၀)၊ အရာထမ်းလောင်း(အထူး)သင်တန်း(၁၄)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်း (၂၅)၊ အရာထမ်းငယ်သင်တန်း(၁၀၁)၊ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း(၇၈)၊ စာရေးဝန်ထမ်းသင်တန်း(၁၁၁) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၅၉၁)ဦးတို့အားလည်းကောင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့ရာ တက္ကသိုလ်အကြီးအကဲများ၊ တာဝန်ရှိသူ များမှ လိုအပ်သည်များ ဖြည့်တင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသည်။

By CICS UM Admin | News & Events
DETAIL