(၀၀၁) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း

Ut aut reiciendis voluptatibus maiores alias consequatur aut perferendis doloribus.

View Course Brochure

DURATION:
၈ ပတ်
ID:
01
CREDIT:
30

Address

Merc Campus, Melbourne, NSW   View map

သင်တန်းသားအရည်အချင်း

  • ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိနေကြသော လစာနှုန်း (၄၁၀၀၀၀ဝိ – ၄၀၀ဝိ – ၄၃၈၀၀ဝိ) ခံစားနေသော ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူးနှင့်အဆင့်တူ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများဖြစ်ရမည်။အသက်(၅၇)နှစ်အောက်

သင်တန်းကာလ

  •   ၈ ပတ်

အပ်နှင်းသောဒီပလိုမာ/လက်မှတ်

  •   သင်တန်းဆင်းအောင်လက်မှတ်

သင်တန်းလျာထားဦးရေ

  •   ၃၀ ဦး
  • ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးများအနေဖြင့် နိုင်ငံတော်၏ မူဝါဒ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ထိရောက်စွာ အထောက်အကူပြုနိုင်စေရန်၊
  • ကောင်းမွန်သောအုပ်ချုပ်မှုစနစ်(Good Governance)၏ သဘောတရားကို သိရှိ နားလည်ပြီး သန့်ရှင်းသောအစိုးရ (Clean Government) အကောင်အထည်ဖော်ရာ၌ ထိရောက်စွာ ဦးဆောင်မှုပေးနိုင်ရန်၊
  • နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားအတွင်း ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး များအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတ များကို နှံ့စပ်စွာ သိရှိနားလည်ပြီး ထိရောက်စွာ လက်တွေ့အသုံးချနိုင်ရန်၊
  • နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်း များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို သိရှိနားလည်ပြီး စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များကို ဥပဒေ နှင့်အညီ ဆောင်ရွက်တတ်စေရန်၊
  • စီမံခန့်ခွဲရေးဆိုင်ရာ ခေတ်မီဆန်းသစ်သော အတွေးအခေါ်၊ အယူအဆများကို သိရှိ နားလည်ပြီး မိမိတာဝန်ယူရသည့် ဝန်ထမ်းအဖွဲ့အစည်းတွင် ဦးဆောင်နိုင်မှု စွမ်းရည် တိုးတက်မြင့်မားလာစေရန်၊
  • နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ ထမ်းရွက်နိုင်မည့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး ကောင်းများ ပေါ်ထွက်လာရေး ပျိုးထောင်လေ့ကျင့်ပေးရန်၊
  • ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှလာရောက်ပို့ချခြင်း၊
  • ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊
  • တစ်ဉီးချင်း/အဖွဲ့လိုက်ဆွေးနွေးခြင်း၊
  • မိမိရွေးချယ်ထားသော ဘာသာရပ်များအလိုက် စာတမ်းပြုစုခြင်း၊

သင်တန်းဆင်းအရည်အချင်းအဆင့်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် –

စဉ် ရမှတ် အဆင့်
(က) ၉၀ မှတ်နှင့်အထက် ထူးချွန်
(ခ) ၈၅ မှတ်မှ ၈၉.၉၉ မှတ်အထိ သာမန်အထက်
(ဂ) ၇၅ မှတ်မှ ၈၄.၉၉ မှတ်အထိ သာမန်အမြင့်
(ဃ) ၅၀ မှတ်မှ ၇၄.၉၉ မှတ်အထိ သာမန်
(င) ၄၀ မှတ်မှ ၄၉.၉၉ မှတ်အထိ သာမန်အောက်
(စ) ၄၀ မှတ်အောက် ကျရှုံး

သင်တန်းသား/သင်တန်းသူများထံမှ သုံးသပ်အကြံပြုချက် (Feedback) များကို အောက်ပါ ပုံစံများဖြင့် ကောက်ခံပါသည် –

  • (က) ဘာသာရပ်အပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်တစ်ခု ပို့ချမှုပြီးတိုင်း သုံးသပ်အကြံပြုချက်အား ရယူပါသည်။
  • (ခ) သင်တန်းအပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်များအားလုံး ပို့ချပြီးချိန်၌ သုံးသပ် အကြံပြုချက်အား ရယူပါသည်။
  • (ဂ) တက္ကသိုလ်စီမံခန့်ခွဲမှုလုပ်ငန်းများအပေါ်အကဲဖြတ်မှုပုံစံ။ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်မှုများ အပေါ် သုံးသပ်အကြံပြုချက်အား သင်တန်းအဝင်၌တစ်ကြိမ်၊ သင်တန်း မပြီးဆုံးမီ၌ တစ်ကြိမ် ရယူပါသည်။
  • (ဃ) သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေး၌သုံးသပ်အကြံပြုခြင်း။ သင်တန်းကြီးကြပ်မှုကော်မတီနှင့် သင်တန်းသားကိုယ်စားလှယ်များ ပါဝင်သော သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေးအား အပတ်စဉ်ကျင်းပ၍ သုံးသပ် အကြံပြုချက်များ ရယူပါသည်။
    သင်ရိုးများ၊သင်ကြားပို့ချနည်းစနစ်များ၊အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ သုံးသပ်အကြံပြုချက် များအား အထက်ပါအတိုင်း သင်တန်းသား၊သင်တန်းသူများထံမှ ရယူသကဲ့သို့ သင်တန်း ပို့ချဆရာ၊ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင် များထံမှ အကြံပြုချက်များအား အခါအားလျော်စွာ ရယူကာ တက္ကသိုလ်၏ Management Review Committee မှ ဉီးဆောင်၍ သင်တန်းနှင့်သင်ရိုးအပေါ် Review and Revise ဆောင်ရွက်ပါသည်။

Ut aut reiciendis voluptatibus maiores alias consequatur aut perferendis doloribus.

ENROLL NOW