(၀၀၈) စာရေးဝန်ထမ်းသင်တန်း
(က) သင်တန်းဆိုင်ရာအချက်အလက်များ သင်တန်းသားအရည်အချင်း ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ တာဝန် ထမ်းဆောင်လျက်ရှိနေကြသော အငယ်တန်းစာရေး၊ စာရေးဝန်ထမ်းအဆင့်(၁)၊ လစာနှုန်း (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)နှင့် အကြီးတန်းစာရေး၊ စာရေးဝန်ထမ်း အဆင့်(၂)၊ လစာနှုန်း (၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ) အဆင့် ဝန်ထမ်းများအသက်(၄၅)နှစ်အောက် သင်တန်းကာလ ၁၀ ပတ် အပ်နှင်းသောဒီပလိုမာ/လက်မှတ် သင်တန်းဆင်းအောင်လက်မှတ် သင်တန်းလျာထားဦးရေ ၄၀၀ (ခ) ရည်ရွယ်ချက် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ် ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိ ထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် (ဂ) သင်ကြားနည်းစနစ် ပြုစုပြဌာန်းထားသော သင်ရိုးများအတိုင်း ပညာဌာန(၇)ဌာနမှ ပို့ချခြင်း၊ ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊ တစ်ဉီးချင်း/အဖွဲ့လိုက်ဆွေးနွေးခြင်း၊ [...]