(၀၀၃) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း
(က) သင်တန်းဆိုင်ရာအချက်အလက်များ သင်တန်းသားအရည်အချင်း ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိနေကြသော လစာနှုန်း လစာနှုန်း (၃၀၈၀၀ဝိ-၄၀၀ဝိ-၃၂၈၀၀ဝိ) သို့မဟုတ် (၃၄၁၀၀ဝိ-၄၀၀ဝိ-၃၆၁၀၀ဝိ) ခံစားနေသော အလယ်အလတ်အဆင့်အရာထမ်းများဖြစ်ရမည်။အသက်(၅၂)နှစ်အောက် သင်တန်းကာလ ရက်သတ္တ (၂၀)ပတ် အပ်နှင်းသောဒီပလိုမာ/လက်မှတ် သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်နှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာလက်မှတ် သင်တန်းလျာထားဦးရေ ၁၀၀ ဦး (ခ) ရည်ရွယ်ချက် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ် ပေးခဲ့သော အရာထမ်းလောင်းများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကို ခံယူကျင့်သုံးလျက် လူငယ်လူရွယ် ဝန်ထမ်းကောင်း မျိုးဆက်သစ်များ ဖြစ်လာစေရန်၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို နားလည်ကျွမ်းကျင်၍ နိုင်ငံတော်၏ အကျိုးစီးပွားကိုကာလဒေသမရွေး ကျရာအခန်းကဏ္ဍမှတာဝန်ထမ်းဆောင်နိုင်စေရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ခုပူးပေါင်း၍ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်စေရန်၊ နိုင်ငံ့ဝန်ထမ်းနှင့် ပုဂ္ဂလိကပုမ္ပဏီအဖွဲ့အစည်းများမှ ဝန်ထမ်းများ အတွေ့ အကြုံ၊ ဗဟုသုတများဖလှယ်၍ နိုင်ငံတော်၏ [...]