
COVID-19 Facility Quarantine Center အဖြစ် ဆောင်ရွက်ခြင်း
Name : | |
---|---|
Rank : | |
Office Phone No. : | |
Office Email : | |
Academic Qualification/Educational Background : | |
Work Experience : | |
Other Responsibilities : | |
Foreign Experience : | |
Publication : | |
Current Research : | |

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သည် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မြန် ရောဂါ ထိန်းချုပ်ကုသခြင်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း Facility Quarantine Centre တစ်ခုအဖြစ် နိုင်ငံတော်၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ပါဝင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၇-၅-၂၀၂၀ ရက်နေ့မှ ၆-၄-၂၀၂၁ ရက်နေ့အထိ ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှစေလွှတ်သော လူဉီးရေစုစုပေါင်း (၉၉၅၂)ဉီး အား လက်ခံထားရှိပေးနိုင်ခဲ့ပါသည်။ တက္ကသိုလ်အနေဖြင့် နေရာထိုင်ခင်းစီစဉ် ပေးခြင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သောနှုန်းထားအတိုင်း တစ်ရက် လျှင်(၃)ကြိမ် ချက်ပြုတ်ကျွေးမွေးခြင်းတို့အား ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
Facility Quarantine Centre အဖြစ်ဆောင်ရွက်နေစဉ်ကာလအတွင်း ၎င်းတို့၏ သောက် သုံးရေရရှိရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိရေး၊ ချက်ပြုတ်ကျွေးမွေးရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှုရှိရန် မိမိတက္ကသိုလ်မှ ဝန်ထမ်းများသည် Volunteer များအဖြစ် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။