စီမံခန့်ခွဲမှုပညာဌာနသည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စတင်တည်ထောင်ခဲ့သည့် ၁၉၉၉ ခုနှစ်မှစ၍ နိုင်ငံ့ဝန်ထမ်းအဆင့်အားလုံးအတွက် မရှိမဖြစ်လိုအပ်သည့် ဌာနတစ်ခုအနေဖြင့် စတင်ခဲ့ ပါသည်။ စီမံခန့်ခွဲမှုပညာဌာနအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ ပြောင်းလဲနေသည့် မူဝါဒ များနှင့်အညီ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုဆိုင်ရာဘာသာရပ်များအား ပို့ချပေးလျက်ရှိပြီး သင်ရိုးညွှန်းတမ်း များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရေးဆွဲပြုစုခြင်း၊ပြင်ဆင်ဖြည့်စွက်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဘွဲ့လွန်ဒီပလိုမာသင်တန်းများနှင့် အဆင့်မြင့် ဒီပလိုမာသင်တန်းများတွင် ပါဝင်ပို့ချနိုင်ခဲ့ပြီး၊ COVID-19 ကာလအတွင်း Online Learning System ဖြင့် ဖွင့်လှစ်ခဲ့သော အရာထမ်းငယ်အခြေခံသင်တန်းများ၌လည်း စီမံခန့်ခွဲမှုပညာဌာနအနေဖြင့် ပါဝင်ပို့ချခဲ့ ပါသည်။
နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သည့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ ပေါ်ထွန်းလာရေးကို ရှေးရှု၍ နိုင်ငံဝန်ထမ်းများအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစွမ်းရည်များကို မြှင့်တင်ပေးနိုင်စွမ်းရှိလိမ့်မည်ဖြစ်သော ပညာရှင်ပီသသည့် ကျင့်ဝတ်များ၊ ကျွမ်းကျင်မှုများနှင့် ညီညွတ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ လေ့လာသင်ယူမှု အရင်းအမြစ်တစ်ခု ဖြစ်ပေါ်လာစေရန်။
- အနာဂတ်အတွက် လေ့ကျင့်ရေးနှင့်ပညာရေး နယ်ပယ်နှစ်ခုစလုံးတွင် အသိပညာ၊ ကျွမ်းကျင်မှု နှင့်လက်တွေ့လုပ်ဆောင်နိုင်မှုတို့ကို လေ့လာသင်ယူရန်နှင့် မြှင့်တင်ရန်၊ ပြည်တွင်း၊ ပြည်ပ လေ့လာသင်ယူမှု အရင်းအမြစ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်းတို့ဖြင့် လေ့လာသင်ယူမှုကို မြှင့်တင်ရန်၊
- တီထွင်ဖန်တီးတွေးခေါ်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းတို့ကို အားပေးလျက် ပို့ချခြင်း၊ ဆွေးနွေးခြင်း၊ စာတမ်းများပြုစုရေးသားခြင်းနှင့် ထိုသို့ ဖြစ်ပေါ်လာစေရန် စေ့ဆော်မှုပေးခြင်း နည်းလမ်းများဖြင့် နိုင်ငံ့ဝန်ထမ်းများကို အကောင်းဆုံး ပို့ချမှုများပေးရန်၊
- လေ့လာသင်ယူခြင်းနှင့် သင်ကြားပို့ချခြင်း လုပ်ငန်းစဉ်များမှာ စဉ်ဆက်မပြတ် တိုးတက်မှုများ လုပ်ဆောင်ရန်၊ ထိုသို့ ဖြစ်ပေါ်စေရန်အတွက် ဘာသာရပ် အကြောင်းအရာများနှင့် ဖွဲ့စည်းမှုများ၊ သင်တန်းသားများ၏ မဟာဗျူဟာများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများနှင့် အခြားဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များ အပေါ်တွင် အကဲဖြတ်သုံးသပ်ခြင်း၊ သုတေသနလုပ်ဆောင်ခြင်း တို့ဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုကို လုပ်ဆောင်ရန်။
- စီမံခန့်ခွဲမှုတာဝန် ထမ်းဆောင်နေရသော နိုင်ငံ့ဝန်ထမ်းများအား စီမံခန့်ခွဲမှု သဘောတရားများ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်၍ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချတတ်စေရန်၊
- အဖွဲ့အစည်းများတွင် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်မှုများ ရရှိနိုင်စေရန်အတွက် ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသဘောသဘာဝကို နားလည်သဘောပေါက်စေရန်၊
- ရုံးဝန်ထမ်းများသည် ရုံးလုပ်ငန်းသဘောနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည် သဘောပေါက်ပြီး ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်နှင့် စည်းကမ်းတကျ ဆောင်ရွက်သွားနိုင်စေရန်၊
- ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောပေါက်ပြီး စည်းကမ်းကျနစွာ၊ တည်ကြည်ဖြောင့်မတ်စွာနှင့် ဘဏ္ဍာရေးကိစ္စများကို ဆောင်ရွက်ရာတွင် တပြေးညီဖြစ်စေရန်။
စီမံခန့်ခွဲမှုပညာဌာနရှိ အဓိကသင်ကြားပို့ချသည့် ဘာသာရပ်နှင့် ရည်ရွယ်ချက်များ
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁။ | မဟာဗျူဟာမြောက် စီမံခန့်ခွဲခြင်း | မဟာဗျူဟာမြောက်စီမံခန့်ခွဲမှု၏ သဘောသဘာဝနှင့် အကောင် အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို သိရှိပြီး နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများနှင့်အညီ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ပါသည်။ |
၂။ | လူကို စီမံခန့်ခွဲခြင်း | လူကိုစီမံခန့်ခွဲမှုပြုခြင်း၏အရေးပါမှုကိုသိရှိပြီး လူကိုစီမံခန့်ခွဲမှု ပြုလုပ်မည့်လုပ်ငန်းစဉ်များကို လက်တွေ့အသုံးချဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၃။ | ဈေးကွက်ဖော်ဆောင်မှု
စီမံခန့်ခွဲခြင်း |
အများပြည်သူကဏ္ဍ၌ ဈေးကွက်ဖော်ဆောင်ခြင်း၏အရေးပါမှု ကိုသိရှိ၍ ဈေးကွက်ဖော်ဆောင်ခြင်းနည်းလမ်းများဖြင့် ပြည်သူ များ၏စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ပါသည်။ |
၄။ | လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာစီမံခန့်ခွဲခြင်း
|
ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းစဉ်များအား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း များ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
---|---|---|
၁ | အထွေထွေစီမံခန့်ခွဲမှု | အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် စီမံ ခန့်ခွဲမှု၏ သဘောသဘာဝနှင့် လုပ်ငန်းများကို သိရှိ နိုင်စေရန်ရည်ရွယ်ပါသည်။ |
၂ | လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု | အဖွဲ့အစည်းအတွင်းရှိ အဓိကစွမ်းအားစုများဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို စီမံရာတွင် ထိရောက်မှုရှိစေရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကိုသိရှိစေရန်ရည်ရွယ်ပါသည်။ |
၃ | ဝန်ဆောင်မှုစီမံခန့်ခွဲမှု | ဝန်ဆောင်မှုဆိုင်ရာ သဘောသဘာဝများကို သိရှိ နားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လက်တွေ့ပြန်လည်အသုံးပြု လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၄ | စီမံကိန်းစီမံခန့်ခွဲမှု | စီမံကိန်းနှင့် သာမန်စီမံလုပ်ဆောင်သည့်လုပ်ငန်း များ၏ ကွဲပြား ခြားနားမှုနှင့် စီမံကိန်းများ၏ သဘာ ဝကိုသိရှိပြီး စီမံကိန်းစီမံခန့်ခွဲမှု လုပ်ငန်းများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးပြု လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၅ | ကျင့်ဝတ်၊ အဖွဲ့အစည်း များ၏ လူမှုတာဝန်ယူ မှု၊ တာဝန်ခံမှု၊ ပတ်ဝန်း ကျင်ဆိုင်ရာစီမံခန့်ခွဲမှု | အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများတွင် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို သိရှိစေရန်၊ အဖွဲ့အစည်းဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်သည့်သဘောတရားများကို သိရှိလိုက်နာ ကျင့်သုံးနိုင်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် တည် ဆောက်ရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ပါသည်။ |
၆ | ခေါင်းဆောင်မှု | အဖွဲ့အစည်း၏ လုပ်ငန်းများအောင်မြင်စေရေးအတွက် ခေါင်းဆောင်မှုသဘောတရားများနှင့် ခေါင်းဆောင်မှုပုံစံများကို ထိရောက်စွာအသုံးချနိုင်စေရန်နှင့် ခေါင်းဆောင်မှုအရည် အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ |
၇ | ရုံးလုပ်ငန်းစီမံခန့်ခွဲမှု | အဖွဲ့အစည်းများ၏ ပင်မလုပ်ငန်းများထိရောက် အောင်မြင်စေရန် အဓိကကျ၊ အထောက်အကူပြု သည့် ရုံးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲနိုင် စေရန် ရည်ရွယ်ပါသည်။ |
၈ | ရုံးလုပ်ငန်းအခြေခံ | ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာလုပ်ဆောင်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၉ | ဘဏ္ဍာရေးစည်းမျဉ်း | နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်။ |
၁၀ | ဌာနဆိုင်ရာငွေစာ ရင်းထားသိုနည်း | နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရငွေ၊ ပေးငွေတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးကိစ္စများကို မိမိတို့အနေဖြင့် ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်ကျရောက်လာ သည့်အခါ နည်းစနစ် ကျနစွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ ဝန်ကြီးဌာနများနှင့် ဉီးစီးဌာနများအတွက် သတ်မှတ်ထားသော အစိုးရစာရင်းထားနည်းစနစ်များကိုသိရှိစေရန်နှင့် ရသုံးခန့်မှန်း ခြေငွေစာရင်းနှင့်ပတ်သက်သည့် စာရင်းဇယားပုံစံများအား မှန်ကန်စွာအသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
၁။ | ကျင့်ဝတ်၊ အဖွဲ့အစည်း များ၏ လူမှုတာဝန်ယူမှု၊ တာဝန်ခံမှု | အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများတွင် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကိုသိရှိစေရန်နှင့် အဖွဲ့အစည်းဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်သည့်သဘောတရားများကို သိရှိလိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပါသည်။ |
၂။ | အဂတိလိုက်စားမှု အန္တရာယ်ဖြစ်နိုင်ခြေ
စီမံခန့်ခွဲမှု |
ဌာနတွင်းဖြစ်ပွားနေသည့် အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ခြေ များကို ကြိုတင်ကာကွယ်တားဆီးနိုင်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်းများ ကိုလျော့ချနိုင်ခြင်းနှင့် ထိရောက်သောဝန်ဆောင်မှု ပေးနိုင်ခြင်းမှ တစ်ဆင့် ပြည်သူများ၏ ယုံကြည်မှုတည်ဆောက်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၃။ | လူကို စီမံခန့်ခွဲခြင်း
|
လူကိုစီမံခန့်ခွဲမှုပြုခြင်း၏အရေးပါမှုကိုသိရှိပြီး လူကိုစီမံခန့်ခွဲမှု ပြုလုပ်မည့်လုပ်ငန်းစဉ်များကို လက်တွေ့အသုံးချဆောင်ရွက်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၄။ | စီမံကိန်းစီမံခန့်ခွဲမှု | စီမံကိန်းစီမံခန့်ခွဲမှုနှင့် နေ့စဉ်ပုံမှန်လုပ်ငန်းစီမံခန့်ခွဲမှုသဘော သဘာဝကိုသိရှိပြီး စီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းများကို လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာအသုံးပြုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၅။ | ပြည်သူ့ဝန်ဆောင်မှု စီမံခန့်ခွဲမှု | ပြည်သူ့ဝန်ဆောင်မှုသဘောသဘာဝနှင့် ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာအခြေခံစည်းမျဉ်းများကိုသိရှိပြီး အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
---|---|---|
၁ | အထွေထွေစီမံခန့်ခွဲ မှု | အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် စီမံ ခန့်ခွဲမှု၏ သဘောသဘာဝနှင့် စီမံခန့်ခွဲပြုရာတွင် ထိရောက်မှုရှိစေရန် လုပ်ဆောင်ရမည့် လုပ်ငန်း များကိုသိရှိပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၂ | ခေါင်းဆောင်မှု | အဖွဲ့အစည်း၏လုပ်ငန်းများအောင်မြင်စေရေးအတွက် ခေါင်းဆောင် မှုသဘောတရားများနှင့်ခေါင်းဆောင်မှုပုံစံများကို ထိရောက်စွာအသုံး ချနိုင်စေရန်နှင့်ခေါင်းဆောင်မှုအရည်အသွေးများတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ |
၃ | လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု | အဖွဲ့အစည်းအတွင်းရှိ အဓိကစွမ်းအားစုများဖြစ်သည့် လူ့စွမ်းအား အရင်းအမြစ်များကို စီမံရာတွင် ထိရောက်မှုရှိစေရန်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကိုသိရှိစေရန်ရည်ရွယ်ပါသည်။ |
၄ | ဝန်ဆောင်မှုစီမံခန့်ခွဲမှု | ဝန်ဆောင်မှုဆိုင်ရာ သဘောသဘာဝများကို သိရှိ နားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လက်တွေ့ပြန်လည်အသုံးပြု လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၅ | စီမံကိန်းစီမံခန့်ခွဲမှု | စီမံကိန်းနှင့် သာမန်စီမံလုပ်ဆောင်သည့်လုပ်ငန်း များ၏ ကွဲပြား ခြားနားမှုနှင့် စီမံကိန်းများ၏ သဘာ ဝကိုသိရှိပြီး စီမံကိန်းစီမံခန့်ခွဲမှု လုပ်ငန်းများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးပြု လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၆ | ကျင့်ဝတ်၊ အဖွဲ့ အစည်းများ၏ လူမှုတာဝန်ယူမှု၊ တာဝန်ခံမှု | အဖွဲ့အစည်းဆိုင်ရာလုပ်ငန်းများတွင် စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကိုသိရှိစေရန်နှင့် အဖွဲ့အစည်းဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုနှင့်ပတ်သက်သည့်သဘောတရားများကို သိရှိလိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပါသည်။ |
၇ | ရုံးလုပ်ငန်းစီမံခန့်ခွဲမှု | အဖွဲ့အစည်းများ၏ ပင်မလုပ်ငန်းများထိရောက် အောင်မြင်စေရန် အဓိကကျ၊ အထောက်အကူပြု သည့် ရုံးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။ |
၈ | ရုံးလုပ်ငန်းအခြေခံ | ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာလုပ်ဆောင်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၉ | ဘဏ္ဍာရေးစည်းမျဉ်း | နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်။ |
၁၀ | ဌာနဆိုင်ရာငွေစာရင်း ထားသိုနည်း | နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရငွေ၊ ပေးငွေတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးကိစ္စများကို မိမိတို့အနေဖြင့် ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်ကျရောက်လာ သည့်အခါ နည်းစနစ် ကျနစွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
---|---|---|
၁ | အထွေထွေစီမံခန့်ခွဲမှု | အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် စီမံ ခန့်ခွဲမှု၏ သဘောသဘာဝနှင့် စီမံခန့်ခွဲပြုရာတွင် ထိရောက်မှုရှိစေရန် လုပ်ဆောင်ရမည့် လုပ်ငန်း များကိုသိရှိပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၂ | ခေါင်းဆောင်မှု | အဖွဲ့အစည်း၏ လုပ်ငန်းများအောင်မြင်စေရေးအတွက် ခေါင်းဆောင်မှုသဘောတရားများနှင့် ခေါင်းဆောင်မှုပုံစံ များကို ထိရောက်စွာအသုံးချနိုင်စေရန်နှင့် ခေါင်းဆောင် မှုအရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ပါ သည်။ |
၃ | ရုံးလုပ်ငန်းအခြေခံ | ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာလုပ်ဆောင်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၄ | ရုံးလုပ်ငန်းစီမံခန့်ခွဲမှု | အဖွဲ့အစည်းများ၏ ပင်မလုပ်ငန်းများထိရောက် အောင်မြင်စေရန် အဓိကကျ၊ အထောက်အကူပြု သည့် ရုံးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။ |
၅ | ဘဏ္ဍာရေးစည်းမျဉ်း | နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်။ |
၆ | ဌာနဆိုင်ရာငွေစာ ရင်းထားသိုနည်း | နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရငွေ၊ ပေးငွေတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးကိစ္စများကို မိမိတို့အနေဖြင့် ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်ကျရောက်လာ သည့်အခါ နည်းစနစ် ကျနစွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် | ဘာသာရပ် | ရည်ရွယ်ချက် |
၁ | အထွေထွေစီမံခန့်ခွဲမှု | အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် စီမံ ခန့်ခွဲမှု၏ သဘောသဘာဝနှင့် စီမံခန့်ခွဲပြုရာတွင် ထိရောက်မှုရှိစေရန် လုပ်ဆောင်ရမည့် လုပ်ငန်း များကိုသိရှိပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၂ | ခေါင်းဆောင်မှု | အဖွဲ့အစည်း၏ လုပ်ငန်းများအောင်မြင်စေရေးအတွက် ခေါင်းဆောင်မှုသဘောတရားများနှင့် ခေါင်းဆောင်မှုပုံစံ များကို ထိရောက်စွာအသုံးချနိုင်စေရန်နှင့် ခေါင်းဆောင် မှုအရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ပါ သည်။ |
၃ | ရုံးလုပ်ငန်းအခြေခံ | ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာလုပ်ဆောင်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၄ | ရုံးလုပ်ငန်းစီမံခန့်ခွဲမှု | အဖွဲ့အစည်းများ၏ ပင်မလုပ်ငန်းများထိရောက် အောင်မြင်စေရန် အဓိကကျ၊ အထောက်အကူပြု သည့် ရုံးလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ပါသည်။ |
၅ | ဘဏ္ဍာရေးစည်းမျဉ်း | နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်။ |
၆ | ဌာနဆိုင်ရာငွေစာ ရင်းထားသိုနည်း | နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရငွေ၊ ပေးငွေတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးကိစ္စများကို မိမိတို့အနေဖြင့် ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်ကျရောက်လာ သည့်အခါ နည်းစနစ် ကျနစွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |
၇ | ကြီးကြပ်မှု | ထိရောက်သောကြီးကြပ်မှုများပြုလုပ်ခြင်းဖြင့် လုပ်ငန်း များအောင်မြင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်စေရန် ရည်ရွယ်ပါသည်။ |
စဉ် |
ဘာသာရပ် |
ရည်ရွယ်ချက် |
---|---|---|
၁ | ရုံးလုပ်ငန်းအခြေခံ | ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာလုပ်ဆောင်နိုင် စေရန် ရည်ရွယ်ပါသည်။ |
၂ | ဘဏ္ဍာရေးစည်းမျဉ်း | နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်ပါသည်။ |
၃ | ဌာနဆိုင်ရာငွေစာ ရင်းထားသိုနည်း | နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ရငွေ၊ ပေးငွေတို့နှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးကိစ္စများကို မိမိတို့အနေဖြင့် ကိုင်တွယ် ထိန်းသိမ်းရန် တာဝန်ကျရောက်လာ သည့်အခါ နည်းစနစ် ကျနစွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန်နှင့် လုပ်ငန်းတာဝန်များကို ထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ |