နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ တက္ကသိုလ်စတင်တည်ထောင်သည့် ၁၉၉၉ ခုနှစ်မှ စတင်ကာ ပုံမှန်သင်တန်းများနှင့် အထူးသင်တန်းများဟူ၍ သင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။ ယေဘုယျအားဖြင့် သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် တက်ရောက် ရသောသင်တန်းများအား ပုံမှန်သင်တန်းများ အဖြစ် သတ်မှတ်ပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုခုအောက်ရှိ ဝန်ထမ်းများအတွက် သီးခြားဖွင့်လှစ်သော သင်တန်းများအား အထူး သင်တန်းများ အဖြစ် သတ်မှတ်ပါသည်။

(က)    အထူးသင်တန်းများ။

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ ဆရာ၊ဆရာမများအား ၁၉၉၉ ခုနှစ် မှစတင်ကာ ၂၀၁၆ ခုနှစ်အထိ(၆၆)ကြိမ်၊ နယ်စပ်ဒေသရှိ မူလတန်းပြ ဆရာ၊ဆရာမများအား ၁၉၉၉ ခုနစ်တွင်(၁)ကြိမ်၊ တက္ကသိုလ်/ကောလိပ်ဆရာ၊ဆရာမများအား ၂၀၀၄ ခုနှစ်မှ စတင်ကာ ၂၀၁၆ ခုနှစ်အထိ(၂၁)ကြိမ် အထူးသင်တန်းများအဖွင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုနည်းတူစွာ အကောက်ခွန်အရာရှိများအထူးမွမ်းမံသင်တန်းအား ၂၀၀၆ ခုနှစ်တွင်(၁)ကြိမ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိများ အထူးသင်တန်းအား ၂၀၀၇ ခုနှစ်တွင်(၁)ကြိမ်နှင့် အမျိုး သမီး ကဏ္ဍဖွံ့ဖြိုးမှုသင်တန်းအား ၂၀၀၃ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ(၁၅)ကြိမ်၊အထွေထွေအုပ်ချုပ်ရေး  သင်တန်းအား ၂၀၀၇ ခုနှစ်တွင်(၁)ကြိမ် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းများအား ၂၀၁၆ နောက်ပိုင်း ထပ်မံဖွင့်လှစ်ခြင်း မရှိပါ။

(ခ)     ပုံမှန်သင်တန်းများ။

သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် တက်ရောက် ရသော ပုံမှန်သင်တန်းများအနက် အလယ်အလတ်အဆင့် အရာထမ်းများ အတွက် ဖွင့်လှစ်သော “အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်း” အား ၂၀၀၉ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိသာ ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၇ မှစတင်ကာ “အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း” အဖြစ် လည်းကောင်း၊ ထိုနည်းတူစွာ ပြန်တမ်းဝင်အရာရှိဝင်ပေါက်အဆင့် အရာထမ်းများ အတွက် “အရာထမ်းလောင်းအခြေခံသင်တန်း” အား ၂၀၀၆ ခုနှစ်မှစတင်ကာ ၂၀၁၇ ခုနှစ်အထိသာဖွင့်လှစ်ခဲ့ပြီး၊၂၀၁၇ ခုနှစ်မှစတင်ကာ “အရာထမ်းလောင်း အခြေခံသင်တန်း၊ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း အဖြစ် လည်းကောင်း ပြောင်းလဲကာ ဒီပလိုမာ ပေးအပ်ချီးမြှင့်သောသင်တန်းများ အဖြစ် အဆင့်မြှင့်တင်ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါသည်။