စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁၀၈)

START:
မေ 13, 2024
DURATION:
၁၀ ပတ်
ID:
08

သင်တန်းသားအရည်အချင်း

  • ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအသီးသီး၌ တာဝန် ထမ်းဆောင်လျက်ရှိနေကြသော အငယ်တန်းစာရေး၊ စာရေးဝန်ထမ်းအဆင့်(၁)၊ လစာနှုန်း (၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ)နှင့် အကြီးတန်းစာရေး၊ စာရေးဝန်ထမ်း အဆင့်(၂)၊ လစာနှုန်း (၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ) အဆင့် ဝန်ထမ်းများအသက်(၄၅)နှစ်အောက်

သင်တန်းကာလ

  •  ၁၀      ပတ်

အပ်နှင်းသောဒီပလိုမာ/လက်မှတ်

  •   သင်တန်းဆင်းအောင်လက်မှတ်

သင်တန်းလျာထားဦးရေ

  •  ၄၀၀

နိုင်ငံ့တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများအား အမျိုးသားရေးအမြင်ရရှိရေးနှင့် စိတ်ဓာတ်  ကြံ့ခိုင်မှုရှိစေရေးတို့အတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် သက်ဆိုင်ရာပညာရပ်များကို အခြေခံအားဖြင့် နားလည်သဘောပေါက်စေပြီး စည်းကမ်းနှင့် ကိုယ်ကျင့်သိက္ခာကို စောင့်သိ ထိန်းသိမ်းတတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်

  • ပြုစုပြဌာန်းထားသော သင်ရိုးများအတိုင်း ပညာဌာန(၇)ဌာနမှ ပို့ချခြင်း၊
  • ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊
  • တစ်ဉီးချင်း/အဖွဲ့လိုက်ဆွေးနွေးခြင်း၊

သင်တန်းဆင်းအရည်အချင်းအဆင့်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် –

စဉ် ရမှတ် အဆင့်
(က) ၉၀ မှတ်နှင့်အထက် ထူးချွန်
(ခ) ၈၅ မှတ်မှ ၈၉.၉၉ မှတ်အထိ သာမန်အထက်
(ဂ) ၇၅ မှတ်မှ ၈၄.၉၉ မှတ်အထိ သာမန်အမြင့်
(ဃ) ၅၀ မှတ်မှ ၇၄.၉၉ မှတ်အထိ သာမန်
(င) ၄၀ မှတ်မှ ၄၉.၉၉ မှတ်အထိ သာမန်အောက်
(စ) ၄၀ မှတ်အောက် ကျရှုံး

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်