Categories
ပုံမှန်သင်တန်းများ
သင်တန်းသားအရည်အချင်း |
|
---|---|
သင်တန်းကာလ |
|
အပ်နှင်းသောဒီပလိုမာ/လက်မှတ် |
|
သင်တန်းလျာထားဦးရေ |
|
- ဝန်ထမ်းအဖွဲ့အစည်းအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ် ပေးခဲ့သော အရာထမ်းလောင်းများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်၍ ဒို့တာဝန်အရေးသုံးပါးကို ခံယူကျင့်သုံးလျက် လူငယ်လူရွယ် ဝန်ထမ်းကောင်း မျိုးဆက်သစ်များ ဖြစ်လာစေရန်၊
- အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကို နားလည်ကျွမ်းကျင်၍ နိုင်ငံတော်၏ အကျိုးစီးပွားကိုကာလဒေသမရွေး ကျရာအခန်းကဏ္ဍမှတာဝန်ထမ်းဆောင်နိုင်စေရန်၊
- ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ခုပူးပေါင်း၍ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်စေရန်၊
- နိုင်ငံ့ဝန်ထမ်းနှင့် ပုဂ္ဂလိကပုမ္ပဏီအဖွဲ့အစည်းများမှ ဝန်ထမ်းများ အတွေ့ အကြုံ၊ ဗဟုသုတများဖလှယ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်၊
- ပြုစုပြဌာန်းထားသော သင်ရိုးများအတိုင်း ပညာဌာန(၇)ဌာနမှ ပို့ချခြင်း၊
- ပြည်တွင်း/ပြည်ပ ပညာရှင်များအား ဖိတ်ကြား၍ ဆွေးနွေးပို့ချခြင်း၊
- တစ်ဉီးချင်း/အဖွဲ့လိုက်ဆွေးနွေးခြင်း၊
- မိမိရွေးချယ်ထားသော ဘာသာရပ်များအလိုက် စာတမ်းပြုစုခြင်း၊
- လေ့လာရေးခရီးသွားရောက်ခြင်း၊
သင်တန်းဆင်းအရည်အချင်းအဆင့်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် –
စဉ် | ရမှတ် | အဆင့် |
(က) | ၉၀ မှတ်နှင့်အထက် | ထူးချွန် |
(ခ) | ၈၅ မှတ်မှ ၈၉.၉၉ မှတ်အထိ | သာမန်အထက် |
(ဂ) | ၇၅ မှတ်မှ ၈၄.၉၉ မှတ်အထိ | သာမန်အမြင့် |
(ဃ) | ၅၀ မှတ်မှ ၇၄.၉၉ မှတ်အထိ | သာမန် |
(င) | ၄၀ မှတ်မှ ၄၉.၉၉ မှတ်အထိ | သာမန်အောက် |
(စ) | ၄၀ မှတ်အောက် | ကျရှုံး |
- (က) စံပြဆု
- ( ခ ) ပထမဆု
- ( ဂ ) ဒုတိယဆု
- (ဃ) ကာကွယ်ရေးပညာထူးချွန်ဆု
- သင်တန်းသား (၄)ဆု၊ သင်တန်းသူ (၄)ဆု စုစုပေါင်း(၈)ဆုချီးမြှင့်ပါမည်။
- စံပြဆု၊ ပထမဆု၊ ဒုတိယဆု – (Online + Inhouse) စုစုပေါင်း ရမှတ်အများဆုံးရရှိသူအစဉ်လိုက် ချီးမြှင့်မည်။
- ကာကွယ်ရေးပညာထူးချွန်ဆု – စစ်ရေးပြလက်တွေ + လက်နက်ငယ်လက်တွေ့ + သေနစ်ပ်ရမှတ် စုစုပေါင်း အမှတ်အများဆုံး ရရှိသူချီးမြှင့်မည်။
သင်တန်းသား/သင်တန်းသူများထံမှ သုံးသပ်အကြံပြုချက် (Feedback) များကို အောက်ပါ ပုံစံများဖြင့် ကောက်ခံပါသည် –
- (က) ဘာသာရပ်အပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်တစ်ခု ပို့ချမှုပြီးတိုင်း သုံးသပ်အကြံပြုချက်အား ရယူပါသည်။
- (ခ) သင်တန်းအပေါ် အကဲဖြတ်မှုပုံစံ။ ဘာသာရပ်များအားလုံး ပို့ချပြီးချိန်၌ သုံးသပ် အကြံပြုချက်အား ရယူပါသည်။
- (ဂ) တက္ကသိုလ်စီမံခန့်ခွဲမှုလုပ်ငန်းများအပေါ်အကဲဖြတ်မှုပုံစံ။ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးစသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဆောင်ရွက်မှုများ အပေါ် သုံးသပ်အကြံပြုချက်အား သင်တန်းအဝင်၌တစ်ကြိမ်၊ သင်တန်း မပြီးဆုံးမီ၌ တစ်ကြိမ် ရယူပါသည်။
- (ဃ) သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေး၌သုံးသပ်အကြံပြုခြင်း။ သင်တန်းကြီးကြပ်မှုကော်မတီနှင့် သင်တန်းသားကိုယ်စားလှယ်များ ပါဝင်သော သင်တန်းကြီးကြပ်မှုကော်မတီအစည်းအဝေးအား အပတ်စဉ်ကျင်းပ၍ သုံးသပ် အကြံပြုချက်များ ရယူပါသည်။
သင်ရိုးများ၊သင်ကြားပို့ချနည်းစနစ်များ၊အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ သုံးသပ်အကြံပြုချက် များအား အထက်ပါအတိုင်း သင်တန်းသား၊သင်တန်းသူများထံမှ ရယူသကဲ့သို့ သင်တန်း ပို့ချဆရာ၊ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင် များထံမှ အကြံပြုချက်များအား အခါအားလျော်စွာ ရယူကာ တက္ကသိုလ်၏ Management Review Committee မှ ဉီးဆောင်၍ သင်တန်းနှင့်သင်ရိုးအပေါ် Review and Revise ဆောင်ရွက်ပါသည်။